လူမှုကွန်ယက်ဆိုဒ်များဖြင့် အသိပညာပေး၍ ၂၀၁၃ ခုနှစ်အား နိုင်ငံရဲ့ ဆန်စပါးနှစ်အဖြစ် ဖိလစ်ပိုင်ကြေငြာ
နိုဝင်ဘာလကို နှစ်စဉ်နိုင်ငံရဲ့ ဆန်စပါးလအဖြစ် ကျင်းပ မယ်လို့ မကြာသေးခင်က ကြေညာပြီးခဲ့တဲ့နောက် ဖိလစ်ပိုင် အစိုးရဟာ လာမယ့်နှစ် ပြည်တွင်းဆန်ဖူလုံဖို့ အစိုးရရဲ့ ဗျူဟာ တစ်ခုအနေနဲ့ ၂၀၁၃ ကိုနိုင်ငံရဲ့ဆန်စပါးနှစ်ဖြစ်မယ်လို့ ကြေ ညာခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ သမ္မတ Benigno S.Aquino III က ပြောကြားရာမှာအစိုးရမှ ၂၀၁၃ မှာ ပြည် တွင်းဆန်ဖူလုံရေးအတွက် ဆောင်ရွက်မှုများကို ပိုမိုအားထည့် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားပါတယ်။
တောင်သူများ ထုတ်လုပ်မှုမြှင့်တင်ဖို့နဲ့စားသုံးသူများ ဆန် လေလွင့်မှု လျှော့ချဖို့အတွက် အသိပညာပေးရေးကိုလည်း အွန်လိုင်းလူမှုရေး မီဒီယာကို အသုံးပြုဖို့လည်း အစိုးရက စီစဉ် နေပါတယ်။ သမ္မတကလာမယ့်နှစ်မှာ ခေတ်မီလယ်ယာ နည်း ပညာ ၃ ခု အနည်းဆုံးချမှတ်ဖို့ တောင်သူများကို တိုက်တွန်း ခဲ့ပြီး၊ စားသုံးသူများကိုလည်း လေလွင့်ဆုံးရှုံးမှု လျှော့ချရေး တိုက်တွန်းခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံအတွင်း ဆန်လေလွင့်ဆုံးရှုံးမှု အဓိက ပြဿနာရှိကြောင်း၊ လေ့လာမှု များအရ ပျမ်းမျှဖိလစ်ပိုင်နိုင်ငံသား တစ်ဦးဟာ နေ့စဉ်ချက်ထား တဲ့ ထမင်း ၂ ဇွန်းလေလွင့်ခြင်းဟာ ငတ်မွတ်နေတဲ့ ဖိလစ်ပိုင် ပြည်သူ ၂ ဒသမ ၆ သန်းအတွက် တစ်နှစ်စာဖူလုံတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ မကြာသေးခင်နှစ်များအတွင်း ပြည်တွင်းဆန်ဖူလုံမှု ၉၄ ရာခိုင်နှုန်းဝန်းကျင် ရရှိထားပြီး ဖြစ်လို့ ၂၀၁၀ ခုနှစ်မှာ ဆန်တန်ချိန် ၂ သန်းကျော်တင်သွင်းရာမှ ၂၀၁၁ မှာ တန်ချိန် ၈၅၀၀၀၀ ဝန်းကျင်နဲ့ ယခုနှစ် မှာ တန် ချိန် ၅ သိန်းခန့်သာတင်သွင်းခဲ့ရပါတယ်။ စိုက်ပျိုးရေးဌာနရဲ့ ထုတ်ပြန်ချက်အရ အကယ်၍သာ ယခုနှစ် စပါးတန်ချိန် ၁၈ ဒသမ ၅ သန်းဝန်းကျင်ထုတ်လုပ်နိုင်ပြီး၊ ၂၀၁၃ မှာ စပါး တန်ချိန် သန်း ၂၀ ခန့် ထုတ်လုပ်နိုင်မယ်ဆိုရင် နိုင်ငံ အနေနဲ့ ပြည်တွင်းဆန်ဖူလုံနိုင်တယ်လို့ဆိုပါတယ်။ ယခု တစ်ပတ် အတွင်းစိုက်ပျိုးရေးဌာန လက်ထောက်အတွင်းဝန်မှ ပြောကြား ရာမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ စပါးထုတ်လုပ်မှုဟာ တန်ချိန် ၁၈ သန်းခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်မှာ အရည်အသွေးမြင့်ဆန် စတင်တင်ပို့ဖို့ လည်း စီစဉ်နေတယ်လို့ သိရပါတယ်။လမင်းSource: oryza.com
