Main menu

Background

ပြည်တွင်း ဈေးကွက်အတွင်း မတ်ပဲနဲ့ ပဲတီစိမ်း အရောင်းအဝယ်ရှိပေမဲ့ ပဲစင်းငုံအဝယ်မရှိတာ ကာလတစ်ခုရှိပြီလို့ဆို

Mon, 11/12/2012 - 04:05 -- Anonymous (not verified)

ရန်ကုန်ဘုရင့်နောင် ပဲဈေးကွက်အတွင်းမှာ မတ်ပဲနဲ့ ပဲတီစိမ်း ကို ပုံမှန်အဝယ်ရှိနေပေမဲ့ ပဲစင်းငုံအဝယ်မရှိတာတော့ သီတင်း ၂ ပတ်လောက်ရှိပြီလို့ ကုန်သည်များက ဆိုပါတယ်။ မတ်ပဲ FAQ၊ FOBကို ပြီးခဲ့တဲ့ရက်ကအောက်ဈေးနဲ့ အဝယ်လိုက်ခဲ့ပေမဲ့ ပြည် တွင်းအရောင်းအဝယ်ဖြစ်တဲ့ ဈေးက ပြီးခဲ့တဲ့ တစ်ပတ်ထက် တစ် တန် တစ်သောင်းလောက်လျော့ပြီး ကျပ် ၄၇၅၀၀၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် ၤဥြ ဈေးကတော့ တစ်တန် ကန်ဒေါ်လာ ၅၈၀-၆၀၀ နဲ့ ငြိမ်နေပါ တယ်။ ပဲတီစိမ်းကိုလည်း တောင်ငူ၊ ပခုက္ကူဘက် အရည်အသွေး ကောင်း တွေကို ဈေးတိုးဝယ်ယူမှုရှိတယ်လို့ သိရပါတယ်။ ဒီနှစ် ဈေးကွက်ကို ဝင်လာတဲ့ ပဲတီစိမ်းတွေက အရည်အသွေး ကောင်း တဲ့အတွက် ဝင်သလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါ တယ်။

သီတင်း၂ ပတ်ကျော်ကတည်းက အဝယ်မရှိဘဲငြိမ်နေတဲ့ ပဲစင်းငုံ ကိုတော့ ဒီတစ်ပတ်မှာလည်း အဝယ်မထွက်သေးဘူးလို့ သိရပါ တယ်။ ဒီတစ်ပတ်အတွင်းမှာ ပဲစင်းငုံဈေးလည်း တစ်တန် ကျပ် တစ်သောင်းခန့်လျော့ပြီး ကျပ် ၅၄၀၀၀၀ ဈေးသာရှိတယ်လို့ သိရ ပါတယ်။ လတ်တလောမှာတော့ အရောင်းအဝယ်ဆက်ပြီး ငြိမ်နေမယ့်သဘောရှိနေပါတယ်။မုံရွာဘက်က သဘာဝဘေးဒဏ် က လွတ်လာတဲ့ ပဲစင်းငုံပင်တွေကတော့အပွင့်ပိုင်းနဲ့ အပင်ပိုင်းဖွံ့ဖြိုး မှု ရှိနေတယ်လို့ သိရပါတယ်။ပုံမှန်ဆိုရင် ဒီဇင်ဘာလဆန်းမှာ ဈေး ကွက်ကို စပြီး ဝင်လေ့ရှိခဲ့ပေမဲ့ ဒီနှစ်တော့ ဒီဇင်ဘာ နောက်ဆုံးပတ် လောက်မှာမှ ဈေးကွက်ဝင်လာနိုင်တယ်လို့ ဒေသခံများက ဆိုပါ တယ်။ ပဲတီစိမ်းကတော့ ဒီနှစ်အရည်အသွေးကောင်းတယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ ပုံမှန်ဝင်ရောက်မှုထက်တော့ အဝင်နည်းသေးတယ် လို့ ဆိုပါတယ်။ ဆောင်းပဲတွေကတော့ ဒေသမြေအစိုဓာတ်ပေါ် မူတည်ပြီး စိုက်ကြတာဖြစ်လို့ တချို့အပင်ပေါက်အဆင့်ရှိပြီး အချို့ ကတော့ စိုက်ပျိုးဆဲပဲလို့ သိရပါတယ်။ ပဲတင်ပို့မှုကို ကြည့်မယ်ဆိုရင် ဒီတစ်ပတ်မှာတော့ ပဲမျိုးစုံ က ထက်ဝက်စီလောက် တင်ပို့မှုလျော့တာတွေ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အောက်တိုဘာလ တင်ပို့မှုတွေကိုကြည့်ရင် မတ်ပဲတန်ချိန် ၆ သောင်းကျော်၊ ပဲတီစိမ်း တန်ချိန် ၁၃၀၀၀ ကျော်၊ ပဲစင်းငုံ တန်ချိန် ၂၁၀၀၀ ကျော်စီ တင်ပို့နိုင်လို့ ၂၀၁၁ အောက်တိုဘာလ တင်ပို့ခဲ့တဲ့ မတ်ပဲတန်ချိန် ၄ သောင်းကျော်၊ ပဲတီစိမ်း တန်ချိန် ၇၁၀၀ ကျော်နဲ့ ပဲစင်းငုံတန်ချိန် ၁၅၂၀၀ ကျော်နဲ့ ယှဉ်ရင် ဒီနှစ် အောက်တိုဘာလမှာ ပမာဏတော်တော်များများ ပိုတင်ထားတာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် နိုဝင်ဘာလ ၂ ရက်နေ့အထိ ပဲမျုးိစုံ စုစုပေါင်း တင်ပို့မှု တန်ချိန် ၈၆၇၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၅၄၉ သန်းကျော်ဖြစ်လို့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလ တူတင်ပို့ခဲ့တဲ့ တန်ချိန် ၉၁၃၀၀၀ ကျော်မှ ရရှိတဲ့ ဝင်ငွေ ကန် ဒေါ်လာ ၇၆၂ သန်းနဲ့ ယှဉ်ရင် တင်ပို့တဲ့ ပမာဏတန်ချိန် ၅ သောင်းနီးပါးလျော့နည်းပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ သန်း ၂၁၀ ကျော်ထိ ကျဆင်းကြောင်း သိရပါတယ်။     ယမင်းခင်