Main menu

Background

နိုဝင်ဘာလပထမပတ် မုံရွာကုန်စည်ဒိုင်ပဲဈေးကွက် ပဲတီစိမ်းအဝယ်သွက်

Mon, 11/12/2012 - 04:07 -- Anonymous (not verified)

မုံရွာကုန်စည်ဒိုင်၊ နိုဝင်ဘာပထမပတ် ပဲဈေးကွက်မှာ ဝါကျွတ်ပွဲပြီးသွားပေမဲ့ အဝယ်အရောင်းသိပ်မလိုက် သေးဘဲ ပဲမျိုးစုံဈေးအေးခဲ့တာကိုတွေ့ရပါတယ်။ ကုလားပဲမျိုးစုံ ဈေး ကွက်အနေနဲ့ V2 ကတော့ မုံရွာကုန်သည်တွေ ဆီမှာ လက် ကျန်ရှိပြီး၊ လှောင်လက်သမားတွေ ဈေးမကိုက်လို့ အရောင်း နည်းခဲ့တယ်လို့ဆိုပါတယ်။ ဝယ်လက် အားဖြင့် မန္တလေး၊ ရန်ကုန်ဘက်က အနည်းငယ်သာအဝယ်ရှိခဲ့ပြီး၊ ဒေသစက်မှု လုပ်ငန်းသမားတွေ လိုအပ်သ လောက် ထိန်းဝယ်ခဲ့ကြတယ် လို့ဆိုပါတယ်။

အခုလို အဝယ်ထိန်းခဲ့လို့လည်းV2 ဈေး ဟာ တစ်တင်း ၁၇၀၀၀ ကျပ်ကနေ၊ အနိမ့်ဆုံး ၁၆၃၀၀ ကျပ်ထိ ကျဈေးဖြစ်ပေါ်ခဲ့ပြီး၊ အရောင်းအဝယ်အားဖြင့် မုံရွာ ကုန် စည်ဒိုင်မှာ တစ်ရက် အိတ် ၃၀၀ မှ ၅၀၀ အတွင်းသာ ဖြစ်ခဲ့ တယ်လို့ ဒေသခံကုန်သည်တွေက  ပြောပါတယ်။ မုံရွာ ကုန်သည်တွေဆီမှာ ပဲလက်ကျန်နည်းလာတဲ့ 929 နဲ့ ထိုင် ဝမ်ကုလားပဲလည်း ယခုတစ်ပတ်မှာ ကျဈေးအသီးသီး ဖြစ် ပေါ်ခဲ့ရာ 929 ကုလားပဲတစ်တင်း ၁၈၃၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်၊ ထိုင်ဝမ်ကုလားပဲတစ်တင်း ၁၉၃၀၀ ကျပ်မှ ၁၈၇၀၀ ကျပ်အသီးသီး  ဈေးအေးလာခဲ့ပါတယ်။ ဝယ်လက်အနေ နဲ့ ဒေသခံပဲခွဲစက်၊ ကြာဆံစက်နဲ့ လက်လီသမားများ ဖြစ်ကြ ပြီး၊ လုပ်ငန်းသုံးအဝယ်သာရှိလို့ ယခုအပတ်မှာ ပဲ ၂မျိုးပေါင်း တစ်ရက်အိတ် ၅၀၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ မုံရွာကုန်စည်ဒိုင်ဈေးကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ငုံနီဈေးကွက်အနေနဲ့ ကုန်သည်နဲ့ လှောင်လက်တွေဆီမှာ ပဲလက်ကျန်နည်း လာ သလို ရန်ကုန်အဝယ်လည်း အေးလာတဲ့အတွက် တစ်တင်း ၁၇၅၀၀ ကျပ်ကနေ ၁၆၇၀၀ ကျပ်ထိ ကျဈေးဖြစ်ခဲ့ ပါတယ်။ ရန်ကုန်အတွက် ဝယ်လက်တချို့ဝယ်ယူမှုရှိလို့ တစ်ရက် အိတ် ၅၀၀ ဝန်းကျင် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည် တစ်ဦးကပြောပါတယ်။ ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ ယခုတစ်ပတ်မှာလည်း နယ်ဘက်က ပဲသစ်အဝင်မလှိုင်သေးဘဲ၊ တစ်နေ့မှာ အိတ် ၂၀၀၊ ၃၀၀ ကြားသာ အဝင်ရှိခဲ့ပြီး၊ ပဲတီအဓိကစိုက်ပျိုးတဲ့ မုံရွာနယ်က တောင်ဘက်ကျည်းတောဒေသ နဲ့ ရေဦးတန့်ဆည် ဘက်ကသာ ဝင်လာနေခြင်းဖြစ်တယ်လို့သိရပါတယ်။ ပစ္စည်း အဝင်နည်းသလို ပဲတီအရည်အသွေး ကောင်းမွန်တာကြောင့် အရင်လတွေက စတင်ဈေးမြင့်လာခဲ့ရာ ယခုအပတ်မှာ တစ်တင်း ၂၀၀၀၀ ကျပ်မှ ၂၀၅၀၀ ကျပ်ထိပေါက်ဈေးဖြစ် ပေါ်ခဲ့တာ တွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် မန္တလေး ဝယ်လက်သာမက ရန်ကုန် ဝယ်လက်လည်းရှိလို့ ပဲသစ်ဝင် သမျှ တစ်နေ့အိတ် ၂၀၀ မှ ၃၀၀ ကြား နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ်ကွက်က သိရပါတယ်။ ထွန်းလှိုင်-မုံရွာ