Main menu

Background

အိန္ဒိယဆောင်းပဲစိုက်ပျိုးမှု ၃၁ ရာခိုင်နှုန်းခန့်ကျဆင်းနေ၊ မိုးမတ်ပဲ အရည်အသွေးနိမ့်ပြီး ပဲစင်းငုံဈေးကျဆင်း

Mon, 11/12/2012 - 04:07 -- Anonymous (not verified)

အိန္ဒိယနိုင်ငံရဲ့ မိုးသီးနှံရိတ်သိမ်းမှုနှောင့်နှေးတဲ့အတွက် ဆောင်းပဲစိုက်ပျိုးမှု နောက်ကျလျက်ရှိရာ နိုဝင်ဘာလ ၂ ရက် နေ့အထိ စုစုပေါင်း စိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၁ ဒသမ ၈၇ သန်းသာရှိလို့ ပြီးခဲ့တဲ့နှစ် ကာလတူ စိုက်ပျိုးမှုဟက်တာ ၂ ဒသမ ၇၂၃ သန်းနဲ့ ယှဉ်ရင် ၃၁ ရာခိုင်နှုန်းခန့် ကျဆင်း နေတယ်လို့ သိရပါတယ်။ ကုလားပဲစိုက်ပျိုးမှုအနေနဲ့ မဟာ ရပ်ရှတရာနဲ့ အင်ဒရာပရာဒေ့ရှ်မှာ စိုက်ဧရိယာ တိုးတက်ပေမဲ့ ရာဂျက်စသန်မှာ စိုက်ဧရိယာကျဆင်းတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာမှာ ကုလားပဲ စိုက်ပျိုးမှုဟက်တာ ၂၁၉ သိန်း ပြီးစီးလို့ လျာထားဧရိယာ ၁၂ ဒသမ ၃၂ သိန်းရဲ့ ၂၄ ရာခိုင် နှုန်းပြီးစီးပြီဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နဲ့ယှဉ်ရင် ၆၇ ရာခိုင်နှုန်း ပိုမို စိုက်ပျိုးထားကြောင်း သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ ၁၅ ဒသမ ၉ ရာခိုင်နှုန်းပိုမိုပြီးဟက်တာ၁ ဒသမ ၉၆ သိန်း စိုက် ပျိုးထားပြီးဖြစ်ပေမဲ့ ရာဂျက်စသန်မှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့အထိ စိုက်ပျိုးမှုဟာ ဟက်တာ ၂ ဒသမ ၇၈ သိန်းသာရှိလို့ ၆၆ ရာခိုင်နှုန်းလျော့ကျတယ်လို့ သိရပါတယ်။

လတ်တလော ဈေးကွက်တွေမှာတော့ ဝယ်လိုအားရှိတဲ့ ကုလားပဲ၊ မတ်ပဲနဲ့ ပဲရာဇာဈေးတွေ မာနေပေမဲ့ ပဲတီစိမ်းကို တော့ ဝယ်လိုအားနည်းလို့ ဈေးမပြောင်းဘူးလို့ သိရပါတယ်။ ပဲစင်းငုံကတော့ နိုင်ငံတစ်ဝန်းလုံး အရောင်းအဝယ်အေးတဲ့ အတွက်ဈေးလျော့နေပါတယ်။ မတ်ပဲအနေနဲ့ အရည် အသွေး နိမ့်တာကြောင့် အရည်အသွေးမြင့်တဲ့ မတ်ပဲကို ဝယ်လိုအား ကောင်းနေပြီး အရည်အသွေးမြင့်တဲ့ ပဲတီစိမ်းများ ဈေးကွက် ကို ဝင်ရောက်မှု တိုးနေလို့ ပဲတီစိမ်းဈေး ပိုပြီး ခိုင်မာနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ တင်သွင်းပဲစင်းငုံဝင်ရောက်မှု တိုးနေ တာကြောင့်လာမယ့်ရက်တွေမှာလည်း ဈေးကျမယ်လို့ ခန့်မှန်း ကြပါတယ်။ အိန္ဒိယနိုင်ငံ ပြည်နယ်အများစုမှာ ပဲစင်းငုံက ပန်းပွင့်တဲ့ အဆင့်မှာရှိနေပြီး ဟာရာနာမှာတော့ ပဲစင်းငုံ ရိတ်သိမ်းနေ ပြီလို့ သိရပါတယ်။ ဒါပေမဲ့ ပဲစင်းငုံတော်တော်များများက တော့ဒီဇင်ဘာလကုန်လောက်မှ ဈေးကွက်အတွင်း ဝင်ရောက် နိုင်မယ်လို့ သိရပါတယ်။ လတ်တလောမှာ တန်ဇန်းနီးယား၊ မာလာဝီ၊ မိုဇမ်းဘစ်မှ ပဲစင်းငုံများ ဝင်ရောက်မှုများ နေပါ တယ်။ နိုင်ငံတကာ ပဲဈေးကွက်အနေနဲ့ အာဂျင်တီးနားမှာ မိုး သည်းထန်နေတာကြောင့် ပဲအရည်အသွေး ပျက်စီးသလို ပဲ အထွက်လည်း ၅၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မြောက်အမေရိက ပဲရာဇာဈေးကွက် ကတော့ ရောင်းဝယ်မှု အကန့်အသတ်သာရှိလို့ ဈေးငြိမ်နေ တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ နိုင်ငံတကာ ဈေးကွက်မှာ ပဲမျိုးစုံဝယ်လိုအားပါးနေလို့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။                                ယမင်းခင်