Main menu

Background

တစ်ပတ်အတွင်း အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်

Mon, 11/12/2012 - 04:12 -- Anonymous (not verified)

အောင်ပန်းကုန်စည်ဒိုင်ရဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လယ်ယာထွက်ကုန်သီးနှံဈေးနှုန်းများကတော့ ကြက် သွန်ဖြူတစ်ပိဿာ အနိမ့်စ ၄၀၀ ကျပ်မှ ၄၅၀ ကျပ်၊ ထိပ်စ တစ်ပိဿာ ၁၁၀၀ ကျပ်မှ ၁၂၀၀ ကျပ်၊ အစေ့ထုတ်ပြောင်းတစ်ပိဿာ အနိမ့်ဆုံး ၂၈၀ ကျပ်၊ အမြင့်ဆုံး ၃၁၀ ကျပ်၊ ပဲပုပ်စေ့တစ်ပိဿာ အနိမ့်ဆုံး ၉၀၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ပန်းနှမ်း တစ်ပိဿာ အနိမ့်ဆုံး ၁၀၅၀ ကျပ် - အမြင့်ဆုံး ၁၁၀၀ ကျပ်၊ ချင်းအစို တစ်ပိဿာ အနိမ့်ဆုံး ၁၈၀ ကျပ်၊ အမြင့်ဆုံး ၂၅၀ ကျပ်၊ နနွင်းတစ်ပိဿာ အနိမ့်ဆုံး ၈၀၀ ကျပ်၊ အမြင့်ဆုံး ၁၃၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ အနိမ့်ဆုံး ၁၀၀၀ ကျပ်၊ အမြင့်ဆုံး ၁၂၅၀ ကျပ်၊ အာလူးတစ်ပိဿာ အနိမ့်ဆုံး ၃၀၀ ကျပ်နဲ့ အမြင့်ဆုံး ၆၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။

အောင်ပန်းကုန်စည်ဒိုင်မှ ဒေသထွက်ကုန်များ တစ်ပတ်အတွင်း ရောင်းဝယ်တင်ပို့မှုအနေနဲ့ ကြက်သွန်ဖြူ ၅၅၇၀၀ ပိဿာ (၉၀ ဒသမ ၉၅ တန်)၊ ပြောင်း ၅၅၄၀၀ ပိဿာ (၉၀ ဒသမ ၄၆ တန်)၊ ပဲပုပ်စေ့ ၇၆၄၀ ပိဿာ (၁၂ ဒသမ ၄၇ တန်)၊ပန်းနှမ်း ၇၃၂၀ ပိဿာ (၁၁ ဒသမ ၉၅ တန်)၊ ချင်းအစို ၅၄၆၀၀ ပိဿာ (၈၉ ဒသမ ၁၅ တန်)၊ နနွင်း ၅၇၀၀ ပိဿာ (၉ ဒသမ ၃၀ တန်)၊ ချင်းခြောက် ၄၃၀၀ ပိဿာ (၇ ဒသမ ၀၂ တန်)၊ အာလူး ၇၁၈၀၀ ပိဿာ (၁၁၇ ဒသမ ၂၄ တန်)၊ စုစုပေါင်းကုန်ချိန် ၂၆၂၄၆၀ ပိဿာ (၄၂၈ ဒသမ ၅၈ တန်) တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းနဲ့ ဒီတစ်ပတ်အတွင်း ချင်းအစိုဈေးနှုန်းများ သိသိ သာသာ မြင့်လာသဖြင့် ချင်းစိုက်တောင်သူများက ချင်းကို အစိုအတိုင်း ဈေးကွက်ကို တင်ပို့ရောင်းချလာကြပြီး၊ ချင်းခြောက်မှာ လက်ကျန်နည်းပါးလျက်ရှိကြောင်း သိရပါ တယ်။ အာလူးအသစ်များ အောင်ပန်းဈေးကွက်ကို လှိုင်လှိုင်ဝင်ရောက်နေပေမယ့် အာလူးဈေးနှုန်းမှာသိသိသာသာ ပြောင်းလဲမှုမရှိကြောင်း သိရပါတယ်။မင်းအောင် - တောင်ကြီး