နိုဝင်ဘာဒုတိယပတ်အတွင်းပြည်ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ် ဈေး နှုန်းများမှာ ဈေးငြိမ်အရောင်းအ ဝယ်ဖြစ်ခဲ့သော်လည်း ပဲစင်းငုံဈေးနှုန်းအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ လက်ကျန်များနဲ့ အရောင်းအဝယ် ဖြစ်လျက် ရှိပြီး၊ ရန်ကုန်ဝယ်လက်နေ့တိုင်း အဝယ်ရှိတဲ့အတွက် တစ်နေ့အိတ် ၂၀၀ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းသီးနှံမှာ ဈေးကွက်ကို ပဲသစ်များ နေ့စဉ်အဝင်ရှိနေခဲ့ပြီး၊ ကံမ၊ ပန်းတောင်း၊ ပေါက်ခေါင်း မြို့နယ်များမှ ဝင်ရောက်ခဲ့ တာဖြစ်ပါတယ်။ အိတ် ၃၀၀ ကျော်အဝင်ရှိသလို ဝယ်လိုအားများနေတဲ့အတွက် အရောင်း အဝယ်သွက်နေတယ်လို့ သိရပါတယ်။ မတ်ပဲနဲ့ ပဲတီစိမ်းဈေးနှုန်းများမှာ ယခင်အပတ်အတိုင်း မတ်ပဲတစ်တင်း ၁၅၅၀၀ ကျပ်၊ ပဲတီစိမ်းတစ်တင်း ၂၁၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ ပဲစင်းငုံမှာ ဈေးကွက်အတွင်း ပဲလက်ကျန် များ ရှိခဲ့သော်လည်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အေးနေခဲ့သလို ပဲဈေးမှာ ယခင် အပတ်က တစ်တင်း ၁၈၀၀၀ ကျပ်မှ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၈၀၀ ကျပ်ထိ ဈေးလျော့သွားခဲ့ပါတယ်။
ပဲပုပ်ဈေးနှုန်းကတော့ တစ်တင်း ၂၃၅၀၀ ကျပ်နဲ့ ဈေးအပြောင်းအလဲသိပ်မရှိဘဲ ပဲပြားလုပ်ငန်းသမားနဲ့ လက်လီအရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ လက်ကား ရောင်းဝယ်မှု မရှိဘူးလို့ သိရပါတယ်။ ဘိုကိတ်ပဲအသစ်များ ပန်းတောင်း၊ ကံမဘက်မှ စတင်ဝင် ရောက်လာခဲ့ပြီဖြစ်သလို ပဲသစ်အဖွင့်ဈေးမှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ဈေးစဖွင့် ခဲ့ပါတယ်။ ပဲဟောင်းဈေးကတော့ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့သာ လက်လီသမား များနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပြည်ကုလားပဲဈေးကတော့ ပဲအဝင်မရှိတော့ဘဲ လက်ကျန်ပဲများနဲ့သာ စက် သမားများအဝယ်ရှိပြီး၊ ၁၀ အိတ်၊ ၁၅ အိတ်ခန့်အရောင်းအဝယ်ဖြစ်သလို ပဲဈေးနှုန်း မှာ ယခင်အပတ်ကထက် တစ်တင်း ၁၅၀၀ ကျပ်ခန့် ဈေးလျော့သွားတဲ့အတွက် တစ်တင်း ၂၀၀၀၀ ကျပ်နဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြောင်း သိရပါတယ်။ခင်ဆွေဝင်း - ပြည်