ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ အောက်တိုဘာနောက်ဆုံး ပတ်အတွင်း နနွင်း ၇၃ ဒသမ ၀၁ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်ကမလေးရှားနိုင်ငံကို ၄၀ ဒသမ ၀၁ တန်နဲ့ အိန္ဒိယကို ၃၃ တန်ဖြစ်ပါ တယ်။ FOB ဈေးကတစ်တန်ကိုကန်ဒေါ်လာ ၅၁၀ ဒသမ ၅၄၀ ရရှိခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် တစ်ရာ့ ငါးဆယ်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းအပို့လျော့ခဲ့ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလအတွင်း မလေးရှား၊ ပါကစ္စ တန်နဲ့ အိန္ဒိယနိုင်ငံတွေကို နနွင်းတန်ချိန် ၃၀၄ ဒသမ ၆၂ တန်တင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နနွင်းတင်ပို့မှုက တန်ချိန် ငါးရာကျော် ရှိခဲ့တာကြောင့် အောက်တိုဘာလမှာ နနွင်းတင်ပို့မှု လျော့ခဲ့ပါတယ်။ MIRT (DOT)
Background