အာဆီယံ ၅ နိုင်ငံ ဆန်ကုန်သွယ်ရေးဇုန်တည်ထောင်ဖို့ ထိုင်းအစိုးရခွင့်ပြု

နိုင်ငံတကာဆန်ဈေးတည်ငြိမ်စေဖို့ထိုင်းနိုင်ငံဟာ ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်တို့နဲ့အတူ ဆန်ကုန်သွယ် ရေးဇုန် တစ်ခု တည်ထောင်ဖို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ အစီအစဉ်ကို နိုဝင်ဘာလ ၁၃ ရက် ထိုင်းအစိုးရဝန်ကြီးများ အဖွဲ့ အစည်းအဝေးမှာ အတည်ပြုကြောင်း သိရပါတယ်။ ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ဟာ အိမ်နီးချင်းနိုင်ငံများနဲ့အတူ ဆန်ကုန်သွယ်ရေးဇုန်တစ်ခု ဖန်တီးဖို့ ပတ်သက်နေတယ်လို့ ပြောရေးဆိုခွင့်ရ Pakdihan  Himathorgkam   မှ ပြောကြား ပါတယ်။ အဲဒီအစီအစဉ်မှာ ၅ နိုင်ငံမှ အစိုးရအရာရှိများ အစည်းအဝေးများအပါအဝင် အာဆီယံ ဆန်ကော်ပိုရေးရှင်း ကော်မတီနဲ့ အာဆီယံဆန်စက်လုပ်ငန်းရှင်များနဲ့ ကုန်သည်များ အသင်းများမှ ကိုယ်စားလှယ်များလည်း တွေ့ဆုံဆွေးနွေးသွား မယ်လို့ သိရပါတယ်။

ဆန်ကုန်သွယ်ရေးဇုန်အတွင်းသို့ စီးပွားရေးလုပ်ငန်းရှင် များနဲ့ အစိုးရတို့ နီးနီးကပ်ကပ်ပါဝင်ဆောင်ရွက် ခြင်းဖြင့် ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ဆန်ဈေးတည်ငြိမ်ဖို့၊ ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံများမှ တရား မဝင်ဆန်ကုန်သွယ်မှုကို တားဆီးဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဆန်မှောင်ခိုများဟာ ထိုင်းနိုင်ငံရဲ့ ဆန် အပေါင် ခံ အစီအစဉ်မှ အကျိုးအမြတ်ယူနေတယ်လို့ လည်း ထိုင်းနိုင်ငံ က ယူဆနေကြပါတယ်။ ထိုင်းစီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ကုန်သွယ်ရေးဇုန် ဖြစ်လာဖို့အတွက် လုပ်ငန်းကော်မတီ တစ်ခုတည် ထောင်ဖို့ လည်း အစိုးရဝန်ကြီးများမှ ညွှန်ကြားထားပါတယ်။ အဆိုပါ ဝန်ကြီးဌာနမှ ပြောကြားချက်အရ ဆန် ကုန်သွယ်ရေးဇုန် စီမံချက်ကို ကမ္ဘောဒီးယားနဲ့ စတင်မှာဖြစ်ပြီး၊ ထိုင်းနဲ့ကမ္ဘော ဒီးယား နယ်စပ်ဒေသများမှာ ဆန်ကုန်သွယ်မှုနဲ့ ပတ်သက်တာ တွေကို စတင်သွားမယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်းရှိ ဇုန်ကို Buri  Ram,  Si  Sa  Ket, Sa  Kaeo,  Prachim  Buri နဲ့ Chachoengsao  ပြည်နယ်များမှာသတ်မှတ်သွား မယ်လို့ သိရပါတယ်။ ဒီကုန်သွယ်ရေးဇုန်လုပ်ငန်းစဉ်က ကမ္ဘောဒီးယားဆန်ကို ထိုင်းဆန်နဲ့ရောပြီး၊ ဆန်အပေါင်ခံအစီအစဉ်မှာ ဆောင်ရွက် နေခြင်းကို ကာကွယ်ဖို့ထိန်းချုပ်သွားမယ်လို့ ဆိုပါတယ်။  ဆန် ကုန်သွယ်ရေး ဇုန်ဟာ ထိုင်းဆန်အပေါင် ခံအစီအစဉ်အရ ဖြစ်ပေါ်လာတဲ့ တရားမဝင်ဆန်ကုန်သွယ်မှု ပပျောက်စေလိမ့် မယ်လို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။လဝန်း ၊Source: riceonline