Main menu

Background

ပဲမျိုးစုံအပေါ် တင်သွင်းခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံဖို့ အိန္ဒိယနိုင်ငံ လယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ ဈေးနှုန်းကော်မရှင်မှ သုံးသပ်အကြံပြု

Sun, 11/18/2012 - 04:50 -- Anonymous (not verified)

ပြည်တွင်းထုတ်လုပ်မှုကိုအားပေးဖို့ ပဲမျိုးစုံတင်သွင်းခွန် ၁၀ ရာခိုင်နှုန်းကောက်ခံရေး အိန္ဒိယနိုင်ငံ လယ်ယာ ထွက် ကုန် ကုန်ကျစရိတ်နဲ့ဈေးနှုန်းကော်မရှင် (CACP) မှ အကြံပြု ကြောင်းသိရပါတယ်။ ဒါ့အပြင် မျှတတဲ့ ကုန်သွယ်ရေးမူဝါဒ တစ်ခုဖြစ်လာစေဖို့ ပဲတင်ပို့မှုတိုးမြှင့်ဖွင့်လှစ်ပေးဖို့လည်း အကြံ ပြုကြောင်းသိရပါတယ်။ လက်ရှိမှာ ပဲမျိုးစုံတင်သွင်းမှု အပေါ် အခွန်ကောက်ခံခြင်းမရှိဘဲ ပဲအမျိုးအစားတော်တော်များများ ကို ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားပါတယ်။

စားသုံးသူအကျိုးအနေနဲ့ တင်ပို့မှုကန့်သတ်ခြင်းနဲ့ တင် သွင်းအခွန်လွတ်ခြင်းအခြေအနေလို မူဝါဒတစ်ခုက ထုတ် လုပ်သူတွေရဲ့ အကျိုးအမြတ်မရှိဘူးလို့ CACP မှ ၎င်းရဲ့ ဆောင်းသီးနှံအထွက် ဈေးနှုန်းမူဝါဒ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ တင်သွင်းပဲများအပေါ် ၁၀ ရာခိုင်နှုန်း အခွန် စည်းကြပ်ခြင်းဟာ ပဲမျိုးစုံအတွက် ဆည်ရေသောက် ဧရိယာတွေမှာ ပိုမိုချဲ့ထွင်ခြင်းဖြင့် ပြည်တွင်းအထွက်မြှင့်တင် လိမ့်မယ်လို့ဆိုပါတယ်။ သွယ်ဝိုက်သောအားဖြင့် ထုတ်လုပ်မှု တည်ငြိမ်ဖို့ အကူအညီဖြစ်စေမှာဖြစ်သလို နိုက်ထရိုဂျင်မြဲပြီး၊ မြေသြဇာထောက်ပံ့မှု သက်သာစေမှာ ဖြစ်တယ်လို့ CACP မှ ဆိုပါတယ်။ တင်သွင်းခွန်ကောက်ခံခြင်းဟာ ပဲမျိုးစုံတင်သွင်းမှု ကုန် ကျစရိတ်မြင့်တက်နေခြင်းကိုလည်း အထောက်အကူဖြစ်စေ မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၁၁-၁၂ မှာ ပဲတင်သွင်း ခြင်းအတွက် ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ သုံးစွဲခဲ့ရလို့ ပြီးခဲ့တဲ့နှစ်ထက် ၁၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၂-၃ သန်း တင်သွင်းခဲ့ပါတယ်။ ပဲတင်ပို့မှုကို ၂၀၁၃ မတ်လတိုင်အောင် တားမြစ်ထား ပေမဲ့ ၂၀၀၇ ခုနှစ် မတ်လက တင်ပို့ခွင့်ပြုထားတဲ့ ကာဘူလီ ကုလားပဲတင်ပို့မှုကိုတော့ ပိတ်ပင်ထားခြင်းမရှိပါဘူး။ ဒါ့အပြင် အော်ဂဲနစ် ပဲမျိုးစုံနဲ့ ပဲရာဇာတန် ၁ သောင်း နှစ်စဉ်တင်ပို့မှု ကိုလည်း ပိတ်ပင်ထားတဲ့အထဲမှာ မပါဝင်ဘူးလို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၁၁-၁၂ မှာ ပဲမျိုးစုံတန်ချိန် ၁၇ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ယခုသီးနှံရာသီမှာတော့ ကာနာတာကာ၊ အင်ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့မှာ မိုးရွာသွန်းမှု နှောင့်နှေးတဲ့အတွက် မိုးပဲမျိုးစုံက ပြီးခဲ့တဲ့ရာသီ တန်ချိန် ၆ ဒသမ ၁၆ သန်း ထွက်ရှိရာမှ တန်ချိန် ၅ ဒသမ ၂၆ သန်းသာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ယမင်းခင်