Main menu

Background

ဈေးငြိမ်အရောင်းသွက် ပြည်ချင်းဈေးကွက်

Sun, 11/18/2012 - 07:05 -- Anonymous (not verified)

ယခုတစ်ပတ် ပြည်ဈေးကွက်ရဲ့ ချင်းအရောင်းအဝယ်မှာ ပစ္စည်းအရည် အသွေး ပိုကောင်းလာတဲ့အတွက် အရောင်း အဝယ်ပိုဖြစ်ကြောင်းသိရပါတယ်။ စီးဝင်မှုအားဖြင့် အောင်ပန်းဘက်မှ ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်ရှိပြီး၊ လက်လီ ရောင်းဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ တင်ပို့မှုအဖြစ် လက်ကျန်မရှိ၊ အရောင်း သွက်လျက်ရှိနေပါတယ်။ အရောင်းသွက်ပေမဲ့ ဈေးနှုန်းမှာ ပုံမှန်ရှိနေပြီး၊ ချင်းတစ်ပိဿာ (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၃၅၀ ကျပ်၊ ၄၀၀ ကျပ်၊ ချင်း (ဓားလှီး) ၆၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေတာတွေ့ရပါတယ်။ ဝင်းဝင်းခိုင်-ပြည်