ကလောမြို့နယ်၊ဟဲဟိုးမြို့နယ်နဲ့အောင်ပန်းမြို့နယ်က ချင်းသစ်တွေလည်း ဖော် လာတာကြောင့် အောင်ပန်းေ ဈးကွက်ကို လှိုင်လှိုင်ဝင်လာပါပြီ။ တစ်ရက်ကို ပိဿာ ချိန် သောင်းဂဏန်းခန့် အဝင်ရှိနေပါတယ်။ ဝင်သလောက် လည်း ပြန်ပြီးအရောင်း သွက်နေပါတယ်။ ပွင့်လင်းရာသီရောက်လာတာကြောင့် အရောင်းအဝယ် ကလည်း ကောင်း လာတယ်လို့ဒေသခံတွေကဆိုပါတယ်။ ချင်းတက်တွေ အဝင်များလာ ပေမယ့် အဆွဲကလည်းများနေ တာကြောင့် ဈေးကလည်း အရင်တစ်ပတ်ကထက် ပိုတက်လာပါတယ်။ ဒီတစ်ပတ်အောင်ပန်းဈေးကွက်မှာ ချင်း(စို)တစ်ပိဿာ ၂၅၀ ကျပ်မှ ၂၈၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါ တယ်။
ဟိုပုံးဈေးကွက်မှာတော့ ချင်းအသစ်တွေအခုထိ မဝင်လာသေးပါဘူး။ အပင် သေး၊အပင်ခြောက် တဲ့ချင်းတွေကိုသာ ဖော်နေရတာကြောင့် ချင်းနုတွေသာ အနည်း ငယ်ဝင်နေတယ်လို့ သိရပါတယ်။ လက်လီအနေ နဲ့သာ အရောင်းရှိနေပြီး၊ အပင်ပါ တစ်စည်းကို ၂၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင် - တောင်ကြီး