သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်နေ့တာကာလအတွင်း မန်ကျည်း တန် ၁၀၀ ကိုပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ အပတ်စဉ်တစ်ပတ်ကို ပျမ်းမျှ မန်ကျည်းတင်ပို့မှုက တန်ချိန် တစ်ရာဝန်းကျင်မှာရှိနေခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၁၅၀ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းငါးထောင်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
Background