အိန္ဒိယနိုင်ငံရဲ့ နနွင်းအဓိကစိုက်ပျိုးတဲ့ အင်ဒရာပရာ ဒေ့ရှ်၊ တမီလ်နာဒူး၊ မဟာရပ်ရှတရာနဲ့ ကာနာတာကာ တို့မှ တောင်သူများက ၎င်းတို့ရဲ့ အနိမ့်ဆုံးရောင်းချဈေးကို စုပေါင်း သတ်မှတ်တဲ့အတွက် လာမယ့်ရက်တွေ မှာနနွင်းဈေးမြင့်တက် နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာရှိတဲ့ နနွင်းတောင်သူများ ဟာ နိုဝင်ဘာလ ၁၀ ရက်မှာ အခြားပြည် နယ် ၃ ခုမှ တောင်သူများနဲ့ ပေါင်းစပ်ပြီး၊ လက်ရှိဈေးကွက် ပေါက်ဈေး တစ်တန် ရူပီး ၅၀၀၀၀ မှ ၆၀၀၀၀ ကြား (ကန် ဒေါ်လာ ၉၀၉ မှ ၁၀၉၁ ကြား)ရှိပေမယ့် အနိမ့်ဆုံးရောင်း ဈေးကို ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၈၁၈) သတ်မှတ်ခဲ့ တယ်လို့ သိရပါတယ်။
မကြာသေးခင်က တမီလ်နာဒူးပြည်နယ်မှ တောင်သူ များက ၎င်းတို့ရဲ့ အနိမ့်ဆုံးဈေးကို တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၃၆)သတ်မှတ်ပြီးတဲ့နောက် မဟာရပ်ရှတရာ နဲ့ကာနာတာကာကတောင်သူတွေကလည်း သယ်ယူပို့ဆောင် စရိတ်ပေါင်းပြီး၊ တစ်တန် ရူပီး ၁ သိန်းသတ်မှတ်ခဲ့တာ ဖြစ် ပါတယ်။ အမှန်တော့ အစိုးရက ဈေး ကွက်ကြားဖြတ်ဈေး တစ်တန် ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၂၇)နဲ့ ဝင်ရောက်တဲ့ အချိန် ပြင်ပပေါက်ဈေးက ရူပီး ၃၀၀၀၀(ကန်ဒေါ်လာ ၅၄၅)အထိ နိမ့်ကျခဲ့ပါတယ်။ မိုးခေါင်ခြင်း၊ ရောင်းချမှုများခြင်းနဲ့ ကုန်သည်များ သို လှောင်ထားခြင်းတွေကြောင့် လွန်ခဲ့တဲ့ လအနည်းငယ် အတွင်း နနွင်းဈေးကျဆင်းခဲ့ပါတယ်။ အစိုးရမှ အနိမ့်ဆုံး ထောက်ပံ့ဈေးမရှိတာကြောင့် အိန္ဒိယနနွင်းတောင်သူများ အသင်းအောက်ရှိ ပြည်နယ် ၄ ခုအတွင်းမှ တောင်သူများက ၎င်းတို့ရဲ့ ဈေးနှုန်းတွေကို သတ်မှတ်ဖို့ ဆောင်ရွက် လာခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်လေးခုအတွင်းမှ ထုတ်လုပ်မှုစရိတ်က တစ်တန် ရူပီး ၈၇၀၀၀ (ကန်ဒေါ်လာ ၁၅၈၂) ခန့်ရှိလို့ တစ် တန် ရူပီး ၁ သိန်းထက်လျော့တဲ့ဈေးနဲ့ မရောင်းတော့ဘူး။ လက်ရှိဈေးကွက်ဈေးမှာ ထုတ်လုပ်မှု စရိတ်နဲ့ ၆၀ ရာခိုင်နှုန်း တောင် မရဘူးလို့ အသင်းဥက္ကဋ္ဌ PK Deivasigamani မှ ပြောကြားပါတယ်။ တောင်သူတွေဈေးနှုန်းသတ်မှတ်တဲ့ သတင်းတွေအရ NCDE မှာ နနွင်းကြိုပွိုင့်ဈေး သိသိသာသာ မြင့်တက်ခဲ့ပါ တယ်။ ဒီဇင်ဘာလ စာချုပ်ဈေးက တစ်တန် ၂ ဒသမ ၇၅ ရာခိုင်နှုန်းမြင့်တက်ပြီး၊ ရူပီး ၅၂၉၈၀ (ကန်ဒေါ်လာ ၉၆၃) ရှိခဲ့ပါတယ်။ နိုဝင်ဘာလစာချုပ်ဈေးက သုည ဒသမ ၇ ရာခိုင် နှုန်းမြင့်တက်ပြီး၊ ရူပီး ၅၄၃၀၀ (ကန်ဒေါ်လာ ၉၈၇)ဈေး ဖြစ်ခဲ့ပါတယ်။ နနွင်းလက်ငင်းဈေးက တစ်တန် ရူပီး ၅၁၀၀၀ မှ ၅၅၀၀၀ ကြား (ကန်ဒေါ်လာ ၉၂၇ မှ ၁၀၀၀ ကြား)ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ယမင်းခင်၊Source: thehindu.com