Main menu

Background

ဈေးနှုန်းမြင့်တက်လာတဲ့ မျိုးစပ်နနွင်းတက်

Sun, 11/18/2012 - 07:20 -- Anonymous (not verified)

အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ မျိုးစပ်နနွင်းတက်ဟာ ဝယ် လိုအားကောင်းနေတဲ့အတွက် ဈေးနှုန်းမြင့်တက်လာ တာကို တွေ့ရပါတယ်။ပြည်ပကို တင်ပို့တဲ့ ကုန်သည်များက ဈေးကွက် အတွင်း ဝင်ရောက်လာတဲ့ နနွင်းတက်မှန် သမျှကို ဝယ်ယူခဲ့ကြ ကြောင်းသိရတယ်။ အခြားနနွင်းတက် အမျိုးအစားများမှာ ဝယ်လိုအားတိုးတက်လျက် ရှိပေမယ့်  ဈေးနှုန်း တည်ငြိမ်နေ တယ်လို့ နနွင်းတက် ကုန်သည်များအသင်း ဥက္ကဋ္ဌ  R.K.V Ravishankar  ကပြောကြားတယ်။

နိုဝင်ဘာ ၉ရက်နေ့က ဈေးကွက်အတွင်းကို ဝင်ရောက် လာတဲ့ နနွင်းတက်အိတ်ပေါင်း ၉၄၀၀ အနက် ၅၁၀၀ အိတ် ကို ရောင်းချထားပြီးဖြစ်တယ်။ ဈေးကွက်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့က အရည်အသွေးကောင်းတဲ့ နနွင်းတက်အမျိုး အစားရဲ့ ဈေးနှုန်းက တစ်ကွမ်တယ်ကို ရူပီး ၄၈၀ သို့ဈေးတိုး မြှင့် လိုက်ကြောင်း ယခုနှစ်အတွင်းမှာ နနွင်းတက်လက်ချောင်း နဲ့ အမြစ် အမျိုးအစားနှစ်ခုလုံးရဲ့ ဈေးနှုန်းက တစ်ကွမ်တယ် ကို ရူပီး ၁၀၀၀ ပိုမို မြင့်တက်သွားခဲ့ကြောင်း သိရတယ်။ မျိုးစပ်နနွင်းတက် ဈေးနှုန်းကလည်း တစ်ကွမ်တယ်ကို ရူပီး ၅၃၆၉ ဝန်းကျင်မှာ ရောင်းချနေခဲ့ရာမှ ရူပီး ၆၆၃၀ ထိ ဈေးမြောက်လာခဲ့တယ်။ အိန္ဒိယနိုင်ငံနနွင်းတက် ကုန်သည် များအသင်းက နနွင်း တက်လက်ချောင်း တစ်ကွမ်တယ်ကို ရူပီး ၄၀၁၁ မှ ၅၅၃၄ ဝန်းကျင် (တစ်တန်ကို ကန်ဒေါ်လာ ၈၄၀ မှ ၁၀၂၀ ဝန်းကျင်)နဲ့ နနွင်းတက်အမြစ်အမျိုးအစားက တစ်ကွမ်တယ်ကို ရူပီး ၃၇၉၉ မှ ၅၀၁၀ ဝန်းကျင် (တစ်တန် ကို ကန်ဒေါ်လာ ၇၀၀ မှ ၉၃၀ ဝန်းကျင် )နဲ့  ရောင်းချလျက် ရှိကြောင်း သိရတယ်။Source:thehindubusinessline.com,စန္ဒာပျို