Main menu

Background

တရုတ်နိုင်ငံ ကျိန်စမ်းကျော့တွင် သစ်သီးဝလံကုန်စည်ဒိုင် တည်ဆောက်နေ

Sun, 11/18/2012 - 07:33 -- Anonymous (not verified)

တရုတ်နိုင်ငံ၊  ယူနန်ပြည်နယ်၊ ရွှေလီ-ကျယ်ဂေါင်နယ်စပ်မှ မြန်မာ နိုင်ငံထွက်သစ်သီးဝလံတွေကို ကူမင်းနဲ့ ကွမ်ကျိုး တို့ကို  ပို့ဆောင်လျက်ရှိပါ တယ်။ လက်ရှိကျယ်ဂေါင်ကားကွင်းမှာ မြန်မာသစ်သီးတင်  ယာဉ်များပေါ် သို့ ပြောင်းတင်ရာမှာ  သစ်သီးတင်ယာဉ် တွေများပြားလာတဲ့အတွက်ကျယ်ဂေါင် ကုန်ပြောင်းကားကွင်းနဲ့ မလုံလောက် ဘဲ ဖြစ်လာပါတယ်။ ယခု တရုတ်နိုင်ငံ၊ ရွှေလီခရိုင်၊ ဝမ်တိန်မြို့မှာရှိတဲ့ ကျိန်စမ်း ကျော့မှာ သစ်သီးကုန်စည်ဒိုင်  တည် ဆောက်နေပြီလို့သိရပါတယ်။ မြေဧရိ ယာ ၃၀၀ မူ (၅၀ ဧက) ကျယ်ဝန်းပြီး သစ်သီးကုန်ပြောင်းကွင်းမှာ Weight Bridge (ကတ္တား) နှစ်ခု   ပါဝင်ကာ ကတ္တားများရဲ့ ချိန်တွယ်နိုင်တဲ့ဝန် ဟာ  မတ်ထရစ်တန် ၃၀၀ ဖြစ်တယ်လို့ သိရ ပါတယ်။ အဲဒီကုန်စည်ဒိုင်မှာ အအေး ခန်းစက်ရုံပါဝင်ပြီး သစ်သီးဝလံ၊ ဟင်း သီးဟင်းရွက်တွေ သိုလှောင်ဖို့ ပြင်ဆင် ထားကြောင်း၊ အအေးခန်းကားများနဲ့ ကူမင်း၊ ကွမ်ကျိုးမှတစ် ဆင့် ဖြန့်ချိနို င် အောင် ဆောင်ရွက်နေကြောင်း သိခဲ့ရ ပါတယ်။

ကျိန်စမ်းကျော့မှ မြန်မာနိုင်ငံနယ် စပ် လွယ်အင်ရွာ-ဟိုနောင်ရွာ-တုန်ခန် ရွာအထိ လမ်းအရှည် ခုနစ်မိုင်ကို တရုတ်နိုင်ငံမှ ချစ်ကြည်ရေးကားလမ်း တည်ဆောက်ပေးထားပြီး တုန်ခန်လမ်း ဆုံမှ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်အထိ နှစ်မိုင်ခန့်သာကွာဝေးတာမို့ ယခုတရုတ်နိုင်ငံဘက်မှ တည်ဆောက် တဲ့ သစ်သီးဝလံကုန်စည်ဒိုင်ဟာ မူဆယ် ကုန်သွယ်ရေးဇုန်နဲ့  နီးကပ်ပါတယ်။ ဒါ့အပြင်သစ်သီးဝလံကုန်စည်ဒိုင်နဲ့ တစ် ဆက်တစ်စပ်တည်းရှိနေတဲ့ ဧရိယာ အကျယ်အဝန်း ၁၂၀၀ မူ (၂၀၀ ဧက) ခန့်မှာ ဝမ်တိန်ဘူတာရုံတည်ဆောက် ရန် လျာထားတယ်လို့ဆိုပါတယ်။ အဲဒီ ဘူတာရုံဟာ ကူမင်း-တာလိ-ဝမ်တိန်-မူဆယ်-လားရှိုးလမ်းပိုင်း တရုတ်-မြန်မာ မီးရထားလမ်းရဲ့ တရုတ်ဘက်နယ်စပ် ဘူတာဖြစ်ပြီး ကုန်စည်အဝင်/အထွက် ဦးစားပေးဆောင်ရွက်မဲ့ ဘူတာရုံဖြစ် ကြောင်း၊ ဒီရထားလမ်းပိုင်း ဟာ မြန်မာ နိုင်ငံကျောက်ဖြူရေနက်ဆိပ်ကမ်းအထိ တိုက်ရိုက်ဆက်သွယ်မှာ ဖြစ်ကြောင်း၊ ရွှေလီမြို့ အထူးတံခါးဖွင့် စီးပွားရေး စီမံကိန်းစမ်းသပ်ဇုန်နဲ့ အနောက်တောင် ရွှေရောင်မုခ်ဦး ဖွင့်လှစ်ရေးစီမံကိန်း ကို နိုင်ငံတော်ဘဏ္ဍာငွေ  ခွင့်ပြုချက်နဲ့ ဆောင်ရွက်ချိန်မှာ ဝမ်တိန်မြို့ကလည်း ဒေသ ဖွံ့ဖြိုးမှု  နောက်ကျမကျန်ရစ် ရ အောင် ဒေသဖွံ့ဖြိုးရေးကြိုးပမ်းဆောင် ရွက်နေတာဖြစ်ကြောင်း သိရပါတယ်။   သောင်းနိုင် (မူဆယ်)