Main menu

Background

ငွေလဲစင်တာများ ပိတ်ရက်မရှိ ဖွင့်ပေးစေလို

Sun, 11/18/2012 - 07:45 -- Anonymous (not verified)

ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များတွင် ဖွင့်လှစ်ထားသည့် ငွေလဲစင်တာ များကို ပိတ်ရက်မရှိဖွင့်လှစ်ပေး ပါက ငွေလဲလှယ်လိုသူများအတွက် အထူးအဆင် ပြေစေနိုင်ကြောင်း သိမ်ဖြူငွေလဲစင်တာ တွင် ငွေလာရောက်လဲ လှယ်သူတစ်ဦးက ပြောကြားခဲ့သည်။

" ငွေလဲစင်တာတွေကို ပိတ်ရက်မရှိ ဖွင့်ပေးနိုင်ရင် အကောင်းဆုံးပေ့ါဗျာ။ လူဆိုတာက စနေတို့၊ တနင်္ဂနွေတို့မှာ လည်း ငွေက လိုချင် လိုနေနိုင်တာပဲ။ အဲဒီလို နေ့တွေမှာ အရေးပေါ်ငွေလိုနေပြီဆိုရင် ကျွန်တော်တို့အနေနဲ့ ဘဏ်မှာလည်း လဲလို့ ကမရ။ ငွေလဲစင်တာကလည်းပိတ်နဲ့ဆိုတော့ နောက်ဆုံးအပြင်မှောင်ခိုကိုပဲ ပြေးရ တာ။ မှောင်ခိုကလည်း သိတဲ့အတိုင်း သူတို့ကိုကြောက်ပြီး ရသလောက်နဲ့ ကျေနပ် ရတာဆိုတော့ ဖြစ်နိုင်မယ် ဆိုရင် ငွေလဲစင်တာတွေကို ပိတ်ရက်တွေမှာပါ ဖွင့်ပေးစေ ချင်တယ်။ ဒါဆိုရင် မှောင်ခိုဈေးကွက်ပျောက်သွားနိုင်တယ်" ဟု ဗိုလ်တထောင်မှ သိမ်ဖြူငွေလဲစင်တာ တွင် ငွေလာရောက်လဲလှယ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ငွေလဲစင်တာများသည် စနေ၊ တနင်္ဂနွေအပါအဝင် အစိုးရရုံးပိတ်ရက်များတွင် လည်း ရုံးဌာနများအတိုင်းဖွင့် လှစ်ခြင်းမပြုရာ ငွေလဲလှယ်လိုသူများအနေဖြင့် အခက် အခဲများတွေ့နေရကြောင်း သိရသည်။ယခုတစ်ပတ်အတွင်းတွင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ ပြောင်းလဲမှု မရှိဘဲ ငြိမ်သက်နေသည် ကို တွေ့ရသည်။ အေဂျီဒီဘဏ်၏ဖော်ပြချက်အရ  အမေ ရိကန်ဒေါ်လာနှင့် မြန်မာငွေလဲလှယ်နှုန်းသည် နိုဝင်ဘာ ၉ ရက်က ရောင်းဈေး ၈၄၈ ကျပ်၊ ဝယ်ဈေး ၈၄၄ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် ရောင်းဈေး ၈၄၉ ကျပ်၊ ဝယ်ဈေး ၈၄၄ ကျပ်သာရှိခဲ့ကြောင်း သိရသည်။               မယ်သီတာ