Main menu

Background

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ခြောက်ထောင်ကျော်သာ လိုင်စင်လျှောက်

Sun, 11/18/2012 - 07:39 -- Anonymous (not verified)

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ခြောက်ထောင်ကျော်သာ လိုင်စင်လျှောက်
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက် သီတင်းပတ်တစ်ပတ်မှာ ကုမ္ပဏီငါးခုမှ ဓာတ်ဆီ တန်ချိန် ၁၀၀၀ နဲ့ ဒီဇယ်တန်ချိန် ၅၈၆၀ အတွက် တင်သွင်းခွင့်လိုင်စင်လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ် လျှောက်ထား လိုင်စင် တန်ချိန်နဲ့ ယှဉ်ရင်တော့ ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ထောင်နီး ပါးလျော့ နည်းပြီး လျှောက် ထားခဲ့တယ်လို့ သိရပါတယ်။
 

ရန်ကုန်ဈေးကွက်မှာ ဒီဇယ်ဈေးငြိမ်နေပေမဲ့ ဓာတ်ဆီဈေးက သိသာစွာမြင့် တက်လာပါတယ်။ ပုဂ္ဂလိကစက်သုံး ဆီဆိုင်ရဲ့ ဈေးနှုန်းများမှာ မပြောင်းလဲဘဲ ငြိမ်နေ တာ တွေ့ရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင် ရဲ့ဈေးနှုန်းမှာ ဓာတ်ဆီ ၃၆၅၀ ကျပ်၊ ဒီဇယ် ၃၉၀၀ ကျပ်၊ အောက် တိန်း ၄၀၀၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပဆိုင်ရဲ့ဈေးနှုန်းမှာ ဓာတ်ဆီ ၄၅၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပဆိုင်များမှာတော့ ပီပါအလိုက်ရောင်းတဲ့ ဒီဇယ်က ဝယ်ဈေး ရောင်းဈေးကျလာပေမဲ့ တစ်ဂါ လန်လိုက်ရောင်းဈေး ဝယ်ဈေးက ပြောင်းလဲမှုမရှိ ဘူးလို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၀၀၀ ကျပ်နဲ့ ရောင်းချနေပြီး ပြင်ပဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီ တစ်ဂါလန် ၃၉၀၀ ကျပ်ဖြစ်ပြီး ဒီဇယ် ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ် တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကဆိုင်ဈေးရဲ့ ဓာတ်ဆီ၊ ဒီဇယ်က ဈေး မပြောင်းပေမဲ့ ပြင်ပဆိုင်များရဲ့ ဒီဇယ်ဈေးနဲ့ အောက်တိန်းဈေးက ယခင်တစ်ပတ် ဈေးထက် ငါးဆယ်ကျပ်ဈေးလျော့ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဈေးက ဓာတ်ဆီ ၃၇၅၀ ကျပ်၊ ဒီဇယ် ၃၈၅၀ ကျပ်၊ အောက်တိန်း ၃၈၅၀ ကျပ်တို့နဲ့ ရောင်းချပါတယ်။ ပြင်ပဆိုင်ဈေးမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ်နဲ့ အောက်တိန်း ၃၉၀၀ ကျပ်ဈေးတို့နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။                                     MIRT (DOT)
 
နယ်စပ်က ဓာတ်ဆီရော ဒီဇယ်ပါသွင်း
မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ဓါတ်ဆီ ၈၁၃၁၂ ဂါလန်ခန့်ကို နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်သွင်းနိုင်ခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းတန်ဖိုးရှိ ဓါတ်ဆီ ၈၆၂၄ ဂါလန် တန်ဖိုး တင်သွင်းခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်မှ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ ၀ ဒသမ ၂၆၃ သန်းဖိုးရှိ ၇၂၆၈၈ ဂါလန်တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဇယ်ဆီတင် သွင်းမှုမှာတော့ မြန်မာ-ထိုင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၇၇၆ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၂၀၉၅၀၄ ဂါလန်ကျော်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေ ကတော့ မြဝတီမှ ၁၈၉၀၀ ဂါလန်၊ တာချီလိတ်မှ ၈၆၉၁၇ ဂါလန်နဲ့ မြိတ်မှ ၁၀၃၆၈၇ ဂါလန်ဖြစ်ပါတယ်။               ခင်မိုးသူ