Main menu

Background

စင်ကာပူ၊ မလေး၊ တရုတ်၊ ထိုင်းနဲ့ ဆော်ဒီမှ မြေသြဇာများဝင်

Sun, 11/18/2012 - 07:54 -- Anonymous (not verified)

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်း ထိုင်းနိုင်ငံမှ မြေသြဇာ ၇၂ တန်၊ စင်ကာပူနိုင်ငံမှ ယူရီးယားမြေသြဇာတန်ချိန် ၂၀၀၊ နိုက်ထရိုဂျင်မြေသြဇာ ၃၃၈ တန်၊ ကွန်ပေါင်းမြေသြဇာတန်ချိန် ၄၀၊ အခြား မြေသြဇာက တန်ချိန် ၇၆၀ ၊ တရုတ်နိုင်ငံမှ နိုက်ထရိုဂျင်မြေသြဇာ ၁၅၆ တန်၊ ကောမတ်မြေသြဇာ တန်ချိန် ၅၀၀၊ မလေးရှားနိုင်ငံမှ မြေသြဇာ ၁၀ တန်၊ ဆော်ဒီမှ မြေသြဇာ ၁၃ ဒသမ ၂၀ တန်၊ စုစုပေါင်း ၂၀၈၉ ဒသမ ၂၀ တန်ကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တန်ဖိုးက ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးဖြစ်ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာအဝင်က တန်ချိန် နှစ်ထောင့်ခုနှစ်ရာေ ကျာ်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြဇာအဝင် ကတန်ချိန် ခုနှစ်ရာနီးပါး အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။            MIRT (DOT)

 
နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၄၀၀၀ ကျော် တင်သွင်းခဲ့နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်၊ ကော့သောင်း၊ မြဝတီနှင့် ရိဒ်စခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၀၁၈ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၄၂၄၂ တန်ကျော်ကို နိုဝင်ဘာ ၇ ရက် မှ ၁၃ ရက်ထိကာလအတွင်းမှာ တင် သွင်းခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ကြည့်လျှင် ၂၆၉ တန်ခန့် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးစခန်းအလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၄၁၄၉ တန်ကျော်၊ ကော့သောင်းမှ   ၇ တန်ခန့်၊ ရိဒ်မှ ၅၆ တန်နဲ့ မြဝတီမှ တန် ၃၀ အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်က အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း ၁၀း၁၀း၅၊ ကွန်ပေါင်း ၁၅ ပတ်လည်၊ စင်ဂဲလ်စူပါဖော့စဖိတ်နဲ့ တီစူပါဖော့စဖိတ်တို့ဖြစ်ကြပြီး ရိဒ်မှ ပိုတက်ရှ် တစ်မျိုးတည်းသာ တင်သွင်းခဲ့တာဖြစ်ပါ တယ်။ မူဆယ်မှာ ယူရီးယား ၁ တန်ကို ၃၈၃ ဒေါ်လာ၊ ကွန်ပေါင်း (၁၀း၁၀း၅)  ၁ တန်ကို ၂၆၄ ဒေါ်လာကျော်နဲ့ ၁၅ ပတ်လည်ကို ၄၇၂ ဒေါ်လာ ဈေးပေါက်လျက်ရှိပြီး ယခင်အပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါ တယ်။    ဆွေဆွေဝင်း
ပုံမှန်လေးနဲ့ ပြောင်းလဲမှုမရှိတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေသေးတယ်လို့ မြေ သြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်အေးနေ တာကြောင့် မြေသြဇာဈေးကလည်း အပြောင်းအလဲ သိပ်မရှိဘူး။ ပြီးခဲ့တဲ့အပတ်မှာ ဈေးအနည်းငယ်ကျလာတဲ့ အနေအထားမှာပဲ ဆက်ပြီး အရောင်းအဝယ်ဖြစ်နေ တယ်လို့ ပြောပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၁၀၀၀ ကျပ်၊ ကွန်ပေါင်း(အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) က ၃၃၅၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ထိုင်းက ၃၀၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (ထိုင်း) က ၂၈၅၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၀၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြှားကမ္ဘာ-တရုတ်) က ၁၂၅၀၀ ကျပ်ဈေးနဲ့ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်အနည်းငယ်သာ ရှိတယ် လို့ မြေသြဇာအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် ပါးနေတာကြောင့်လည်း မြေသြဇာဈေးက အကျဘက်မှာပဲ ရှိနေတယ်။ ဒီတစ်ပတ် မှာလည်း မြေသြဇာဈေးက ယခင်တစ်ပတ်ဈေးထက် တစ်အိတ်ကို နှစ်ရာကျပ်၊ ကိုးရာကျပ်အတွင်း ဈေးကျလာပါတယ်။ ဈေးကွက် ထဲအရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက မြားကမ္ဘာ-တရုတ်(၁၂း၁၃) (အပြာ) က ၁၄၈၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၄၇၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၅၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၅၅၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၃၃၀၀ ကျပ်၊ ယူရီးယား- ပုလဲ(ပန်းဖူး-တရုတ်) ၁၉၆၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၄၀၀ ကျပ်၊ တီစူပါ (မြှားနီ-တရုတ်) ၂၁၉၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၈၀၀ကျပ်နဲ့ ပိုတက် ၂၄၈၀၀ ကျပ် တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်ပါးတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာ ယူရီးယား ပန်းဖူးက ဈေးကွက်ထဲ ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။ယူရီးယား၊ တီစူပါနဲ့ အာမို ၁၅ပတ်လည်က ဈေးအနည်းငယ်ကျ လာတယ်လို့ သိရပါတယ်။  ဈေးကွက်အတွင်း ဖြစ်ပေါ်နေတဲ့ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅၀၀ ကျပ်၊ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၇၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) က ၁၉၈၀၀ ကျပ်၊  တီစူပါ(GSSP ၁၆%-တရုတ်) ၈၈၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၈၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်နဲ့ အာမို ၁၀း၁၀း၅ က ၁၃၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ မြေသြဇာကအရောင်းပါးနေတယ်လို့ မြေသြဇာအရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲမှာ မြေသြဇာဈေးက ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်နေတာ တစ်လနီးပါးရှိနေပေမဲ့ အရောင်းအဝယ်က ပုံမှန်ဖြစ် လိုက်၊ အေးလိုက်နဲ့ရှိနေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးက ယခင်ဈေးအတိုင်း ယူရီးယား-ပုလဲ(ပန်းဖူး) ၂၁၅၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တ္ဆရုတ်) ၂၁၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၅၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လု့ိ သိရပါတယ်။တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။  တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် ပွဲတော်မှာ အကြီးကျယ်ဆုံးဖြစ်တဲ့ မီးပုံးပျံလွှတ်ပွဲတော်ကို အထူးအာရုံစိုက်နေကြလို့ မြေသြဇာဘက်ကို ဈေးကွက်ငြိမ်နေပါတယ်။ဒီတစ်ပတ်ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးများမှာ ယူရီးယား-ပုလဲ(ကမ္ဘာလုံး၊ပန်းဖူး၊ ရွှေတောင်) တရုတ် ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၈၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) က ၉၅၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၀၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၂၀၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၈၀၀၀ ကျပ်၊ မြားကမ္ဘာက ၁၄၀၀၀ ကျပ် တို့နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                        MIRT (DOT)