Main menu

Background

မြန်မာ့ရွှေဈေး အနည်းငယ် ပြန်လည်ကျဆင်းလာ

Sun, 11/18/2012 - 07:51 -- Anonymous (not verified)

ယခုတစ်ပတ်အတွင်းတွင် မြန်မာ့ ရွှေဈေးသည် အနည်းငယ်ကျဆင်းလာ သည်ကိုတွေ့ရသည်။ ပြီးခဲ့သည့်ရက်အ တွင်းက မြင့်တက်ခဲ့သည့်  မြန်မာ့ရွှေ ဈေးသည်အတက်ဘက်ကိုဦးတည်နေခဲ့ သော်လည်း ကမ္ဘာ့ရွှေဈေးကျဆင်းလာ မှုကြောင့် အနည်းငယ်  ပြန်လည်ကျ ဆင်းလာခဲ့ကြောင်း သိရသည်။

ထို့ပြင်  ကမ္ဘာ့ရွှေဈေးသည်လည်း ကျဆင်းခဲ့ရာ ယခုတစ်ပတ်အတွင်းတွင် တစ်အောင်စလျှင်၁၇၁၃ဒေါ်လာအထိ  ကျဆင်းခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်က ကမ္ဘာ့ရွှေဈေး  သည် ၁၇၃၄ ဒေါ်လာအထိရှိခဲ့သော် လည်း တရုတ်နိုင်ငံရေးအပြောင်းအလဲ များကြောင့် ဝယ်လက်များ တန့်သွား သဖြင့် ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့ရခြင်း ဖြစ်သည်ဟု ရွှေကုန်သည်တစ်ဦးက သုံး  သပ်ပြခဲ့သည်။"ဒီတစ်ပတ်မှာ  ကမ္ဘာ့ရွှေဈေးက ကျသွားတယ်။ ဒါကလည်း တရုတ်နိုင်ငံ ရေး  အပြောင်းအလဲကြောင့်ဖြစ်ရတာ လို့ သုံးသပ်လို့ရပါတယ်။ တရုတ်မှာ အ ပြောင်းအလဲဖြစ်သွားတဲ့အတွက် စီးပွား ရေးသမားတွေက နိုင်ငံရေးအခြေအနေ ကို စောင့်ကြည့်နေကြတဲ့အတွက် ရွှေ ဝယ်လိုအား ကျသွားတယ်။ သူတို့က ဝယ်အားကျသွားတဲ့အတွက်  ဈေးက လည်း ကျသွားတာ။ ကမ္ဘာ့ရွှေဈေးကျ သွားရင် မြန်မာ့ရွှေဈေးကလည်း လိုက် ပြီးကျတာ ပဲ။ ရွှေဈေးကျသွား တယ်ဆို ပေမယ့်လည်း ဝယ်အားကတော့ ပုံမှန် အတိုင်းပါပဲ။ သိပ်ပြီး အပြောင်းအလဲ  မရှိပါဘူး။  ဈေးကျတယ်ဆိုပေမယ့် လည်း သိပ်အသိသာကြီး  မဟုတ်တဲ့ အတွက် ပြောပလောက်တဲ့အပြောင်း အလဲ မဟုတ်ပါဘူး" ဟု  ရွှေကုန်သည် တစ်ဦးက သုံးသပ်ပြခဲ့သည်။မြန်မာ့ရွှေဈေးသည်  နိုဝင်ဘာ ၁၂ ရက်က အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၇၇၃၀၀၀ ရှိခဲ့ရာမှ ဒီပါဝလီ ပွဲတော်အပြီးတွင် အနည်းငယ်သာ ကျ ဆင်းခဲ့ရာ နိုဝင်ဘာ ၁၅ ရက်တွင် ကျပ် ၇၇၁၅၀၀ သို့ ထပ်မံကျဆင်းခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၁၆ ရက်တွင် ကျပ် ၇၆၉၂၀၀ သို့ ထပ်မံကျဆင်းခဲ့သည်။မယ်သီတာ