Main menu

Background

နို့စိမ်းအဝင်ပျောက်ပြီး နို့ဆီနဲ့ နို့မှုန့်သာဝင်

Sun, 11/18/2012 - 07:58 -- Anonymous (not verified)

နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်တာ ကာလအတွင်း နို့စိမ်းက အဝင်ပျောက် ခဲ့ပြီး နို့ဆီနဲ့ နို့မှုန့်သာဝင်ခဲ့တာ တွေ့ရ ပါတယ်။ ဒီတစ်ပတ်မှာ နို့ဆီက ၁၈၂ ဒသမ ၇၀၇ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာနှစ်သိန်းကျော်ဖိုးကို တင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ နို့ဆီအဝင်တန်ချိန် ခုနစ် ရာကျော် အဝင်လျော့ခဲ့ပါတယ်။ နို့မှုန့်က နယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၀၀ ဒသမ ၈၊ စင်ကာပူနိုင်ငံမှ ၅၀ ဒသမ ၆၅ တန်နဲ့ တရုတ်နိုင်ငံမှ ၃ ဒသမ ၆၁၆ တန် အသီးသီး တင်သွင်း ခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ နို့မှုန့်အဝင်က တန်ချိန် တစ်ရာနီးပါးအဝင် ပိုခဲ့ပါတယ်။MIRT (DOT)

နို့ဆီ၊ နို့စိမ်း ကော့သောင်းနယ်စပ်မှ တင်သွင်းလျက်ရှိနိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန်ဖိုးရှိ နို့ဆီ ၁၀၉ တန်ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၄၇ သန်းတန်ဖိုးရှိ နို့စိမ်း ၁၄၈ တန် ကျော် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်က ကော့သောင်းစခန်းမှ တင်သွင်းမှု  မရှိခဲ့သော်လည်း ယခု အပတ်မှာ တင်သွင်းနိုင်ခဲ့တာ တွေ့ရပါ တယ်။ နို့ဆီတစ်တာကို ကော့သောင်း မှာ ၂၆၈၀၀ ကျပ်နဲ့ နို့စိမ်းတစ်တာကို ၂၇၈၄၀ ကျပ် ဈေးပေါက်လျက်ရှိပါ တယ်။ ယခုအပတ်မူဆယ်မှ နို့မှုန့်တင် သွင်းမှုမရှိဘူးလို့ သိရပါတယ်။     တင်တင်ထွန်း