ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်တာကာလအတွင်း ဘိလပ်မြေ ၂၀၇၄၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်ခြောက်သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မလေး ရှားနဲ့ထိုင်းနိုင်ငံမှ ဘိလပ်မြေများတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှ တင်သွင်းခဲ့တဲ့ တန်ချိန်က ၄၄ တန်ရှိခဲ့ပြီး ထိုင်းနိုင်ငံမှ တင်သွင်းခဲ့တဲ့ တန်ချိန်က ၂၀၆၉၅ တန်ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်က တန်ချိန် ခုနစ် သောင်း ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။ MIRT (DOT)
နယ်စပ်မှ ဘိလပ်မြေ ၄၃၀၀ တန်ကျော် တင်သွင်းခဲ့နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ လွယ်ဂျယ်၊ တာချီလိတ်၊ ကော့သောင်း နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၃၄၈ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၃၇၀၀ တန်ကျော်ကို နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်ထိ ကာလ အတွင်းမှာ တင်သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ လွယ်ဂျယ်မှ ၅၇၇ တန်ကျော်၊ တာချီလိတ်မှ ၂၃၃၂ တန်၊ ကော့သောင်းမှ ၄၆၅ တန်နဲ့ မြိတ်မှ ၉၂၈ တန်ခန့် အသီးသီး ဖြစ်ပါတယ်။ ဆွေဆွေဝင်း
အရောင်းအဝယ်သွက်လာပေမဲ့ ဈေးကွက်ငြိမ်နေဆဲ ဘိလပ်မြေ မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ်ရှိနေတယ် လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် အနည်းငယ်ရှိနေပေမဲ့ ဘိလပ်မြေဈေးက အတက်အကျမရှိသေး ဘူးလို့သိရပါတယ်။ ဈေးကွက်ထဲ ပစ္စည်းပုံမှန်အဝင်ရှိနေပြီး အရောင်းအဝယ်ကလည်း နည်းနည်းပဲရှိ နေတာေ ကြာင့် ဈေးကလည်းငြိမ်နေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ေ ဈးက မြင်းခေါင်းဘိလပ်မြေ ၃၃၀၀ ကျပ်၊ ဆင်(ထိုင်း) ဘိလပ်မြေတစ်အိတ်ကို ၄၆၅၀ကျပ်၊ ကြံ့(မြိုင်ကလေး) ဘိလပ်မြေ တစ်အိတ် ၃၇၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေကအရောင်းအဝယ်တက်လာ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ဒီတစ်ပတ် ဈေး ကွက်ထဲမှာ အေသုံးလုံးနဲ့ ဆင်မင်း(ကျောက်ဆည်) က ဈေးအနည်းငယ်မြင့်လာပြီး ကျန်ဘိလပ်မြေကဈေးမပြောင်းဘဲ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီတစ် ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးက အေသုံးလုံး ၅၅၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ကျပ်၊ ဆင် (ထိုင်း) ဘိလပ်မြေ ၅၉၀၀ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း (ကျောက်ဆည်)က ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်နဲ့ မြင်း ခေါင်း ၄၇၀၀ ကျပ်တို့နဲ့ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ရောင်းအားရှိတယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆို ပါတယ်။ ရာသီကလည်း နည်းနည်းပွင့်လင်း လာတာကြောင့် အရောင်းအဝယ်က နည်းနည်းတက်လာတယ်လို့ သိရပါတယ်။ ရောင်းအားရှိပေမဲ့ ဈေးက အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးတွေက ဆင်(ထိုင်း) တစ်အိတ်ကို ၄၈၀၀ ကျပ်၊ စိန်(ထိုင်း) တစ်အိတ်ကို ၄၇၀၀ ကျပ်နဲ့ မြင်းခေါင်း ၄၅၀၀ ကျပ်၊ မောင်းတိန်း ၄၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပဲခူးဈေးကွက်မှာ အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲမှာ ဘိလပ်မြေဈေးက အနည်းငယ် ကျလာတယ်။ ဆင်(ထိုင်း)နဲ့ ကြံ့(မြိုင်ကလေး) ကတစ်ရာဝန်းကျင်ဈေး ကျသလို စိန်(ထိုင်း)က နှစ်ရာဝန်းကျင်ကျလာတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ၅၅၀၀ ကျပ်၊ စိန်(ထိုင်း) ၅၃၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၇၀၀ ကျပ်တို့နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရ ပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ် ရှိနေတယ်လို့ ဘိလပ် မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ဘိလပ်မြေ ဈေးက ယခင်တစ်ပတ်အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးထက် ဆင် (ထိုင်း)က တစ်ရာ ကျပ်ဈေးကျပြီး မြင်းခေါင်းက တစ်ရာကျပ်ဈေးမြင့်ကာ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင် (ထိုင်း) ၅၆၀၀ ကျပ်၊ မြင်းခေါင်းဘိလပ်မြေ ၄၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ MIRT (DOT)