Main menu

Background

မျိူးချစ်စိတ်ကို အရင်းတည်ရမည့် စားသုံးသူအကာအကွယ်ပေးရေး နှင့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး

Sun, 11/18/2012 - 08:12 -- Anonymous (not verified)

ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးအင်အားကောင်းတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ထိစပ် လျက်ရှိတဲ့အတွက် အိမ်နီး ချင်းနိုင်ငံများရဲ့ ကုန်ပစ္စည်းများအလုံးအရင်း ဝင်ရောက်လာခြင်းပင် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းကို အခွင့်ကောင်းယူကာ အဝတ်အစားအလှကုန် ပစ္စည်းများမှအစ နေ့စဉ် အသုံးအဆောင်များ၊ မော်တော်ဆိုင်ကယ်များ၊ စာရေးကိရိယာများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနဲ့ စား သောက်ကုန်ပစ္စည်းများကို အိမ်နီးချင်း ၃ နိုင်ငံမှ အမြန်ဆုံးဝင်လျက် ရှိပါတယ်။ အစပထမမှာတော့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများရဲ့အရည် အသွေး အကောင်းဆုံးအခြေအနေနဲ့ ဝင်ရောက်လေ့ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်း ထုတ်ကုန်ပစ္စည်းများဟာ တဖြည်းဖြည်းခြင်း အရည်အသွေးများမှာ စိတ်ချမရနိုင်တော့ဘဲ တစ်ဖက်နိုင်ငံထုတ် ကျင်းထုံအမျိုးအစား ခြင်ဆေးခွေရှူရှိုက်မိသဖြင့် အသက်ဆုံးရှုံးမှု ဖြစ်ရခြင်း၊ လျှပ်စစ်မီး ကြိုးအရည်အသွေး မကောင်းသဖြင့် ဝါယာ ရှော့ဖြစ်ကာ အိမ်မီးလောင်ပြီးလူသေ၊ ငွေဆုံးဖြစ်ရခြင်း၊ အန္တရာယ် ရှိ စားသောက်ကုန်ပစ္စည်းများ စားမိကာရောဂါမျိုးစုံ ဖိစီးခြင်း ခံရ ခြင်းများမှာ ကျွန်တော်တို့နိုင်ငံသားများပင် ဖြစ်ကြပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ နိုင်ငံတွင်းသို့ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက် လာတဲ့ အရည်အသွေးမမီ ကုန်ပစ္စည်းများ စိစစ်တားဆီးခြင်းမှာ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းကြီးဖြစ် လာပါတယ်။ အသိဉာဏ် ပညာရှိသူတိုင်း အရွယ်ရောက်ပြီးသူတိုင်း နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ကြီးတစ်ရပ် ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ပထဝီနိုင်ငံရေး ရှုထောင့်အရ ပတ်ဝန်း ကျင်နိုင်ငံများမှ မျက်စိကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ပြည် တွင်းနိုင်ငံရေး မပြေလည်မှုကြောင့်သာ စီးပွားရေးတိုးတက်သင့် သလောက် မတိုးတက်သော်လည်းသင်ပေးပါက တက်မြောက်ကျွမ်း ကျင်လွယ်သော လူ့စွမ်းအားအရင်းအမြစ် ပေါများခြင်း၊ တွင်းထွက် သတ္တုစုံလင်စွာထွက်ရှိခြင်း၊ အခြားအဖိုးတန် သဘာဝသယံဇာတ ပစ္စည်းပေါများခြင်း၊ မြစ်ချောင်းအင်းအိုင်ပေါများခြင်း၊ ရေအရင်း အမြစ်ပေါများခြင်း၊ လမ်းပန်းဆက်သွယ်ရေးေ ကာင်းမွန်ရန် အခြေခံ လိုအပ်ချက်ပြည့်စုံခြင်းစတဲ့ အင်္ဂါရပ်များနှင့် ပြည့်စုံတဲ့နိုင်ငံဖြစ်ပါ တယ်။ အဲဒီအချက်တွေကြောင့် ကျွန်တော်တို့နိုင်ငံသို့ စီးပွားရေးနှင့် စစ်ရေးအရ ဝင်ရောက်နိုင်ဖို့ ကြိုးစားကြတာဖြစ် ပါတယ်။ ခေတ် အဆက်ဆက် ပြည်ပကျူးကျော်စစ်ပွဲများ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ ပေမယ့် မြန်မာတိုင်းရင်းသားတို့ရဲ့ စစ်ရေးအမြင် ကောင်းမွန်တဲ့ အတွက် ယနေ့ထိတိုင် မြန်မာ့မြေကို ကာကွယ်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ စစ်အေးတိုက်ပွဲကာလ လွန်မြောက်လာတဲ့အခါ  အရင်းရှင်စနစ်နှင့် ကွန်မြူနစ်စနစ်အားပြိုင်မှုမှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့တဲ့ အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေးစနစ်မှာလည်း ဈေးကွက်စီးပွားရေး စနစ်သို့ ဦးတည်စေခဲ့ခြင်း ဖြစ်ပါတယ်။ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီးနောက်ပိုင်းမှာအိမ်နီးချင်းနိုင်ငံများမှ ကုန်ပစ္စည်းများ အလုံး အရင်းဖြင့် ဝင်ရောက်လာပြီး အရည်အသွေးမှာလည်း အကောင်း နဲ့အဆိုးဒွန်တွဲလာ ပါတယ်။ ၁၉၉၆ ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးကို စတင်ဖွင့်လှစ်ခဲ့ပြီး တရားဝင်ကုန်သွယ်ရေး အဖြစ် ဆောင်ရွက်လာ ခဲ့ရာ ယနေ့အထိတိုင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာနဟာ ကုန်သွယ်မှုကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းများဖြင့် စနစ်တကျဆောင်ရွက်လာတဲ့အခါ နည်း ဥပဒေ အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော လူပုဂ္ဂိုလ် တချို့ကြောင့် တရားမဝင်ရောင်းဝယ်မှုမှာ ရှင်သန်လာခဲ့ရပါတယ်။ တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကိုအသုံးချပြီး ၎င်းင်းတို့ထုတ်ကုန် ပစ္စည်းများ လက်တည့်စမ်းသပ်လာခြင်း၊ အရင်းအနှီးအနည်း ငယ်နှင့် အမြတ်အစွန်းများများရနိုင်သော ကုန်ပစ္စည်းများအမြန်ထုတ်လုပ်လာ ခြင်း၊ မြန်မာပြည်မှာအဖိုးတန် ကျောက်မျက်များ၊ သစ်များ၊ တွင်း ထွက်များနှင့်တိရစ္ဆာန်အရှင်များ ဈေးကောင်းပေး၍ဆွဲဆောင်ခြင်း စသည့်တရားမဝင်ရောင်းဝယ်မှု သွက်လက်လာစေရန် နည်းပေး လမ်းပြလုပ်ခဲ့ကြပါတယ်။ တရားမဝင်လမ်းကြောင်းဖြင့် အန္တရာယ်ရှိ ကုန်ပစ္စည်း များနှင့် အရည်အသွေးစံချိန်စံညွှန်းမမီသော ကုန်ပစ္စည်း များဝင်ရောက်လာေ သာကြောင့် မြန်မာနိုင်ငံ သားများဆုံးရှုံး နစ်နာမှု များနှင့် ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ မိုင်ပေါင်းထောင်နှင့်ချီသော နယ်စပ်တစ်လျှောက်ဝင်ပေါက်များပိတ်ပစ်ရန်မှာ လွယ်ကူမှာမဟုတ် တဲ့အတွက် နိုင်ငံသားတိုင်းရဲ့ တိုင်းပြည်ချစ်သော အသိ စိတ်ဓာတ် အားဖြင့်သာလျှင် ပိတ်ပင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုမှာ အခြေအနေ အရပ်ရပ်ကြောင့် အိမ်နီးချင်း (၃) နိုင်ငံကိုယှဉ်ပြိုင်နိုင်ခြင်းမရှိသေးတဲ့ အတွက် ကုန်စည်များ တစ်ဖက်နိုင်ငံများမှ စီးဆင်းလာရခြင်းဖြစ်ပါ တယ်။ အရည်အသွေးကောင်းမွန်ပြီးအန္တရာယ်ကင်းတဲ့ ကုန်ပစ္စည်းများ ဝင်ရောက်လာမှုအလွန်နည်းပါးလာပါတယ်။ ရေပူနှင့်မရမ်းချောင်းကုန် ပစ္စည်းစစ်ဆေးရေးဂိတ်များရုပ်သိမ်းပြီးသည့်နောက်ပိုင်းမှာအန္တရာယ် ရှိကုန်ပစ္စည်းများ ပိုမိုဝင်ရောက်သွားကြောင်း ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရသိရှိရပါတယ်။ တရားမဝင်ကုန်သွယ်မှု နှင့်ပတ်သက် ပြီး ပမာဏအလွန်ကြီးမားသည့်အကြောင်းကို တစ်ဖက်နိုင်ငံရဲ့ထုတ် ပြန်သော စာရင်းနဲ့နှိုင်းယှဉ်ပါက ပိုမိုသိသာနိုင်မှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ မူဆယ်မြို့ကုန်သည်များ အသင်းမှ ကျင်းပပြုလုပ်တဲ့ တရားမဝင်ရောင်းဝယ်မှု လျော့နည်းပပျောက်ရေး ညှိနှိုင်းအစည်းအဝေးမှာ စီးပွားရေးနှင့်ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ တရားမဝင်လမ်း ကြောင်းများရဲ့ ကုန်သွယ်မှုပမာဏ ကြီးမားပုံကို ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ပြောကြားချက်အရ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း မြဝတီကုန်သွယ် ရေးစခန်းရဲ့ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃၆) သန်း ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့စာရင်းအရတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅၂၀) သန်းဖြစ်ကြောင်း၊ တရားမဝင် သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၄၈၄) သန်းဖြစ်သဖြင့် တရားမဝင်လမ်းကြောင်းမှသွားလာ ခြင်းဟာ တရားဝင်လမ်းကြောင်းထက် (၁၄) ဆကျော် ပိုမိုတင်သွင်းမှု ရှိကြောင်းထောက်ပြသွားပါတယ်။ တရုတ်မျက်နှာစာ ဘက်တွင် လည်းတရားမဝင်သွားလာမှုမှာ တရားဝင်လမ်းကြောင်းပေါ် သွားတဲ့ ပမာဏထက် ပိုများမှာ ဖြစ်ပါတယ်။  ကျွန်တော်တို့နိုင်ငံရဲ့ အဖိုးတန် ကုန်ပစ္စည်းများလည်းနည်းလမ်းပေါင်းစုံနဲ့ တစ်ဖက်နိုင်ငံများသို့ တရားမဝင် ရောင်းချခြင်းခံရတဲ့ ပမာဏဟာလည်း ကြောက်ခမန်း လိလိဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တပ်မတော်တွင်ရှိစဉ်က တွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခု အမှတ်ရနေဆဲ၊ ရှေ့တန်းနယ်မြေ စိုးမိုးရှင်းလင်းရေး တာဝန်ထမ်း ဆောင်ရန် တပ်ရင်းဌာနချုပ်မှ စထွက်လာကတည်းက ဂျိုးသိန်းဆေး ပေါ့လိပ် အရေအတွက်အတော်များများဝယ်သွားခဲ့ပါတယ်။ ရှေ့တန်း ရောက်တဲ့အခါ တာဝန်ထမ်းဆောင်ရမဲ့အခြေအနေ ပြောင်းလဲသဖြင့် မိမိတို့သယ်လာခဲ့တဲ့ပစ္စည်းများကို သောင်ရင်းမြစ် တစ်ဖက်ကမ်း ယိုး ဒယားကျေးရွာသို့ ရောင်းခဲ့ရပါတယ်။ မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်း လက်ခံမှုဖြင့် မိမိတို့ပစ္စည်းဝယ်ယူသူထိုင်းနိုင်ငံသားအား ထိုင်းနယ်ခြား စောင့်ရဲမှ လာရောက်ဖမ်းဆီးသွားကြောင်း သိရပါတယ်။ အဖြစ် အပျက် ဤမျှပင်ဖြစ်ပါတယ်။ သို့သော်လည်း အဖိုးတန်ကျောက်မျက် များ၊ ကျွန်းသစ်၊ တွင်းထွက်ပစ္စည်းများနှင့် တိရိစ္ဆာန်များဝယ်ယူသူကို ဖမ်းဆီးထားကြောင်းမကြားရပါ။ သူတို့နိုင်ငံထုတ်ကုန် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တရားမဝင်ရောင်းချသူကိုလည်း ဖမ်းဆီးမှုမရှိပါ။ ထူး ခြားသည်မှာ ထိုင်းနိုင်ငံရဲ့ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒပင် ဖြစ်ပါတယ်။ သူတို့အမျိုးသူတို့ ချစ်သည်မှာ နယ်စွန်နယ်ဖျားအထိ သက်သေပြကြပါတယ်။ ကျွန်တော်တို့ မြန်မာ့သွေး၊ မြန်မာ့သား များသည်လည်း မည်သည့်အတွက် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို နယ်စွန်နယ်ဖျားအထိ ချစ်ကြောင်း သက်သေ မပြဝံ့ကြသနည်း။ အန္တရာယ်ရှိသောကုန်ပစ္စည်းဖြစ်မှန်း သိလျက်နဲ့ မည်သည့်အတွက် လက်ပိုက်ကြည့်နေကြရသနည်း။ ကြီးမားသော တိုက်တာကြီးများ ကို အုတ်တစ်ချပ် သဲတစ်ပွင့်မှစပြီးတည်ဆောက် တဲ့နည်းတူ အန္တရာယ်ကင်းသော ကုန်ပစ္စည်းများ တင်သွင်းရာမှာလည်း နယ်စွန်နယ်ဖျားတွင်တာဝန်ထမ်း ဆောင်ကြသောဝန်ထမ်းများမှ စပြီး လက်ကြီး/ လက်ငယ်ကုန်သည်များ အဆုံးသစ္စာရှိကြောင်း သက်သေပြရန် လိုအပ်နေပြီဖြစ်ပါတယ်။ ခိုးကြောင် ခိုးဝှက်သွား လာသော ခေတ်ကြီးမရှိတော့ကြောင်း၊ လုပ်ပိုင်ခွင့်ရှိသူအား ချဉ်းကပ်ပြီး ဂွင်ဖမ်းသောခေတ် ကာလလည်း အတိတ်မှာကျန်ခဲ့ပြီ ဖြစ်ကြောင်း၊ အိုင်တီခေတ်တွင်ဈေးကွက်ယှဉ်ပြိုင် ခြင်းဖြင့် ကုန်သွယ်သောခေတ်ကာလ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာအမြင်ဖြင့် အရာရာကိုဦးတည်ဆောင်ရွက်နေေ သာ ခေတ်ကာလရောက်ရှိနေပြီဖြစ်ကြောင်း သိရှိဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ပါတယ်။ စားသုံးသူ ပြည်သူများအနေဖြင့်လည်း အန္တရာယ်ရှိသောကုန်ပစ္စည်းကို အန္တရာယ်ရှိကြောင်းသိရှိနိုင်ရန် လက် ဆင့်ကမ်းသတင်းများ သယ်ဆောင်ဖြန့်ဝေသင့်ပါတယ်။ အမျိုးသား ရေးစိတ်ဓာတ်ဖြင့် လှုပ်ရှားဆောင်ရွက်သင့် ပါတယ်။ ဈေးကွက်သို့ ရောက်ရှိနေတဲ့ အန္တရာယ်ရှိကုန်ပစ္စည်းများကို အသုံးမပြုခြင်း၊ ဝယ်ယူအားပေးမှုရှောင် ရှားခြင်း၊ ဖျက်ဆီးခြင်း၊ သက်ဆိုင်ရာဌာန များသို့ တာဝန်သိခြင်းအရ သတင်းပို့ခြင်း၊ သတင်းကွင်းဆင်းစုံစမ်း ဖော်ထုတ်ခြင်းများဖြင့် စားသုံးသူပြည်သူများ နိုင်ငံကြီးသားပီသနိုင်ရေး မေတ္တာရပ်ခံလိုပါ တယ်။ မြန်မာဆိုရိုးစကားအရ ''ဤ" ကို ''ကျွဲ" ဟု ဖတ်သောအခါတွင် အကောင်းလက္ခဏာဆောင်သော ကိစ္စရပ်တွင် အသုံးပြုတတ်ရန်လိုအပ် မည်ဖြစ်ပါတယ်။ စားသုံးသူပြည်သူများ ညီညွတ်မည်ဆိုပါက အရည်အသွေး စံချိန်စံညွှန်းမမီသောကုန်ပစ္စည်း ထုတ်လုပ်သူများမှ လက်လျှော့အရှုံးပေးမည်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စားသုံးသူ ကာကွယ်ရေး အကြံပြုချက်များ ကြောင့် ကုန်သည်လုပ်ငန်းရှင်များ စိတ်မပျက်ရန် အမှောင်ဆုံးအချိန် ဟာ ရောင်နီသမ်းချိန်လို့အဆိုရှိတဲ့အတိုင်း မြန်မာပြည်ရဲ့စီးပွားရေးဟာ မကြာမီ ဦးမော့လာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ 'အိုဘားမား' သည် ၂၀၀၈ ခုနှစ်တွင် ပြောင်းလဲခြင်း (CHANGE) ဟူသော ကြွေးကြော်သံဖြင့် တက်လာခဲ့ပါတယ်။ ကျွန်တော်တို့လည်း ခေတ်ဟောင်းအတွေးခေါ်များနဲ့ အကျင့်ဆိုးများဖျောက်ပစ်နိုင်ရန် 'အိုဘားမား' ကြွေးကြော်သကဲ့သို့ (CHANGE) ဟု ကြွေးကြော်ရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်းလိုပါတယ်။ တရားမဝင်ကုန်သွယ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုပမာဏ  (Volume Of Trade)  ကျဆင်းခဲ့ရပါတယ်။ ယခင်က တင်ပို့ခွင့်မပြုခဲ့သော ဆန်၊ နှမ်းနီ၊ နှမ်းနက်၊ ဆန်ကွဲ စသည့် ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုခြင်း၊ မော်တော်ယာဉ်အမျိုးမျိုးနှင့် အပို ပစ္စည်းများတင်သွင်းခွင့်ပြုခြင်းအား ယခုနှစ်တွင် ဖြေလျော့ပေး ခဲ့ သော်လည်း ကုန်သွယ်မှုပမာဏမှာ သိသာစွာ တိုးတက်မလာသေး ကြောင်းတွေ့ရှိရပါတယ်။ အရေးကြီးဆုံးတစ်ချက်မှာ အရည်အသွေး စံချိန်စံညွှန်းမမီသော အန္တရာယ်ရှိကုန်ပစ္စည်းများ ပမာဏကြီးမားစွာ ဖြင့် ဝင်ရောက် လာပြီး စားသုံးသူပြည်သူများ ထိခိုက်နစ်နာရခြင်းပင် ဖြစ်ပါတယ်။ အထက်ပါအကြောင်းအရာများဖြေရှင်းနိုင်ရန် ပို့ကုန် သွင်းကုန်ဥပဒေ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၁၇) ထွက် ပေါ်လာပြီဖြစ်ပါတယ်။ အဆိုပါ ဥပဒေရဲ့ အခန်း (၄) မှာ တရား မဝင်ရောင်းဝယ်မှုအား အတိအကျတားမြစ်ထားကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ နယ်စပ်အပေါက်များမှ နည်းလမ်းပေါင်းစုံနဲ့ဝင်ရောက် လာတဲ့ တရားမဝင်ကုန်ပစ္စည်းများ တားဆီးပြီးပညာပေး ရန်နဲ့ မိမိတို့ နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများ တင်ပို့မှုဟန့်တားရန်တို့အတွက် ရွေ့လျားတားဆီးရေးအဖွဲ့ (Mobile Team)  ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကုန်သည်လောကမှာ အတော်ဂယက်ရိုက် သောကိစ္စတစ်ခုဖြစ်လာရပါတယ်။ ကျွန်တော်တို့နိုင်ငံသားများဟာ ဒီမိုကရေစီခရီးလမ်းကြောင်းမှာ တစ်ဦးချင်းနားလည်ရမဲ့ ကျင့်ဝတ် များ စောင့်ထိန်းလိုက်နာနိုင်မှ အရာရာမှာချောမွေ့သော အောင်မြင်မှု ရရှိမှာ ဖြစ်ပါ တယ်။ နိုင်ငံ့ဝန်ထမ်းများမှလည်း အကောင်းဆုံးသော ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ပါတယ်။ ဥပဒေ ပြင်ပမှ ရောင်းဝယ်သူများအား ပညာပေးကာလကုန်ဆုံးသော ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစပြီး ပြင်းထန်စွာအရေးယူနိုင်ရန် စီမံထား ရှိကြောင်း သိရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန် သွယ်ရေး ဦးစီးဌာနမှ ကုန်သည်ငယ်များ လုပ်သာကိုင်သာရှိစေရန် တစ်ဦးချင်း ကုန်သွယ်ခွင့် (Individual Trading Card) ကို တမူး နယ်စပ်ဒေသမှာ စမ်းသပ်ဆောင်ရွက်လျက်ရှိပါတယ်။ အောင်မြင် ပါက တစ်နိုင်ငံလုံး ကျင့်သုံးရန်ရှိပြီး ကုန်သည်များရဲ့ အခက်အခဲ များကို နည်းလမ်းတကျဖြေရှင်းပေးသွားရန် ပြည်သူ့ဝန်ထမ်းများမှ တာဝန်ယူဆောင်ရွက်နေပြီဖြစ်ပါတယ်။ နောက်သုံးလေးနှစ်ခန့်ကြာ တဲ့အခါမှာ ပြည်သူ့ဝန်ထမ်းများဟာ ကုန်သည်လုပ်ငန်းရှင်များရဲ့ လုပ်ငန်းဆောင်တာများ အောင်မြင်စေရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့ အစည်းများဖြစ်လာမှာဖြစ်ပါတယ်။  အဲဒီအချိန်မှာကုန်သည် လုပ်ငန်း ရှင်များဟာလည်း ခိုးကြောင်ခိုးဝှက်ကုန်သည် ဘဝမှ ဂုဏ်သိက္ခာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီး များဘဝသို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက  ASEAN Free Trade Area (AFTA) အဖြစ် ကုန်သွယ်မှုပြုရတော့မည်ဖြစ်ရာ အစစ အရာရာမှာ အံဝင်ခွင်ကျဖြစ်စေရန် ပြင်ဆင်ချီတက်နေတဲ့ အချိန်ဖြစ် ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ ရှေ့သို့သွားတဲ့ အချိန်မှာ ကုန်သွယ်ရေးဟာလည်း နောက်ကျမကျန်ရစ်စေရန် ခေတ် စနစ်နဲ့လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲရ မှာ ဖြစ်ပါတယ်။ ကုန်သွယ်မှု အသိုက်အဝန်းမှာလည်း ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ပြည်သူ့ ဝန်ထမ်းများ တစ်ခုတည်းပြောင်းလဲပြီးမရနိုင်ပါ။ ကုန်သည် လုပ် ငန်းရှင်များရဲ့ အခွန်တိမ်းရှောင်လိုမှုများ၊ မိမိတစ်ဦးတည်းသာ အမြတ်များများရယူပြီး ကျန်တဲ့ ကုန်သည်ငယ်များ ဒုက္ခရောက်စေ သောပြုမူချက်များ၊ တစ်ဖက်နိုင်ငံများမှထုတ်လုပ်ပြီး မည်သည့် ကျန်းမာရေး အထောက်အထားမပါရှိသော ကုန်ပစ္စည်းများ တင်သွင်း တဲ့လုပ်ရပ်များ၊ တစ်ဖက်ကုန်သည်လုပ်ငန်းရှင်အား ကြိုတင်ညှိနှိုင်းပြီး အရည်အသွေးစံချိန်စံညွှန်းမမီသော ကုန်ပစ္စည်းများ ဈေးသက်သာ စွာနဲ့ တင်သွင်းပြီး ပြည်တွင်းတွင် ကုန်ပစ္စည်းအမှန်များ နဲ့ ရောနှော ရောင်းချတဲ့လုပ်ရပ်များအတွက် ပြောင်းလဲရမယ့်အချိန်အခါ ရောက် လာပြီလိ့ု ထင်မြင်ယူဆပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးလျာထားချက်အောင်မြင်ရေး အဟန့် အတားဖြစ်စေတဲ့ တရားမဝင် ရောင်းဝယ်ခြင်းနဲ့ စားသုံးသူပြည်သူ များရဲ့ အကျိုးစီးပွားကိုရန်ပြုနေသော အန္တရာယ်ရှိစားသောက် ကုန် များကို ပြည်သူများနဲ့အတူ နိုင်ငံဝန်ထမ်းများ၊ ကုန်သည်လုပ်ငန်းရှင် များမှ အားကျိုးမာန်တက် လက်တွဲဆောင်ရွက် တားဆီးထိန်းချုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။