Main menu

Background

ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ပေါင်း နှမ်းတင်ပို့မှု တစ်ပတ်အတွင်း တန် ၄၀၀၀ ခန့်ရှိ

Mon, 11/19/2012 - 04:27 -- Anonymous (not verified)

နိုဝင်ဘာလ ၉ ရက်နေ့အထိ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်မှ စုစုပေါင်း နှမ်းတင်ပို့မှုက တန်ချိန် ၄၀၀၀ နီးပါးတင်ပို့နိုင်ခဲ့ပြီး အဲဒီထဲမှာ ပင်လယ်ရေကြောင်း က တင်ပို့မှုက တန်ချိန် ၇၀၀ ကျော်သာ ရှိတာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်း ကဂျပန်၊စင်ကာပူနဲ့ ကိုရီးယားကိုတင်ပို့ခဲ့ကြောင်း သိရပါတယ်။ မြေပဲကိုတော့ လတ် တလောမှာတရုတ်နယ်စပ်ဘက်မှ အဆွဲရှိတာကြောင့် မြေပဲတင်ပို့မှုတော့ ဒီတစ်ပတ် မရှိသလောက်နည်းတယ်လို့ သိရပါတယ်။ နှမ်းစုစုပေါင်း တင်ပို့မှုအနေနဲ့ နိုဝင်ဘာ လ ၆ ရက်နေ့အထိ စုစုပေါင်း နှမ်းတန်ချိန် ၇ သိန်းကျော် တင်ပို့ထားပြီး ဝင်ငွေအား ဖြင့်ကန်ဒေါ်လာ ၁၁၇ သန်းကျော်ရရှိထားရာ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှု တန်ချိန် ၆၈၀၀၀ ကျော်၊ ကန်ဒေါ်လာ ၉၅ သန်းကျော်ထက် ပမာဏရော၊ ဝင်ငွေပါ ပိုမိုကြောင်း သိရပါတယ်။                           MIRT - MAPT