မလေးရှားနိုင်ငံရဲ့ စားအုန်းဆီသိုလှောင်မှုပမာဏ ဆက်လက်မြင့်တက်နေတဲ့ အပေါ် စိုးရိမ်မှုတွေကြောင့် စားအုန်းဆီကြမ်းဈေးက ဆက်ပြီးကျဆင်းဖွယ် ရှိနေ တယ်လို့ လေ့လာဆန်းစစ်သူများက ခန့်မှန်းကြပါတယ်။ MIDF သုတေသနအရ ယခုနှစ်နောက်လများမှာ စားအုန်းဆီကြမ်းဈေးက ရင်းဂစ် ၂၃၀၀ နဲ့ ၂၅၀၀ (ကန် ဒေါ်လာ ၇၄၉ နဲ့ ၈၁၅)အတွင်း တည်ငြိမ်လိမ့်မယ်လို့ ဆိုပါတယ်။ အောက်တို ဘာလအတွင်း ပြည်ပတင်ပို့မှုက တန်ချိန် ၁ ဒသမ ၇၆ သန်းနဲ့ ယခုနှစ်အတွင်း အများဆုံးဖြစ်သလို ပြည်ပတင်ပို့မှုမှာ အများဆုံးဖြစ်ခဲ့တဲ့ ၂၀၁၁ အောက်တို ဘာလ နောက်ပိုင်းကတည်းကအမြင့်ဆုံးတင်ပို့နိုင်ပေမယ့် သိုလှောင်မှုက အမြင့်မှာ ဆက်ပြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပြည်ပတင်ပို့မှု ပိုမိုခဲ့ပေမယ့် အောက်တိုဘာလကုန်ပိုင်း သိုလှောင်မှု မှာ တန်ချိန် ၂ ဒသမ ၅၁ သန်းရှိပြီး ပြီးခဲ့တဲ့နှစ်ထက် ၁၉ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုမယ် လို့ဆိုပါတယ်။ နိုဝင်ဘာနဲ့ဒီဇင်ဘာလမှာတော့ သိုလှောင်ဆီ ကျဆင်းမယ်လို့ ခန့် မှန်းထားပါတယ်။ ဒါပေမယ့်လည်း တန်ချိန် ၂ သန်းအထက်တော့ရှိမယ်လို့ MIDF မှ ခန့်မှန်းထားပါတယ်။ ပဲပုပ်ဈေးကျဆင်းခြင်းကလည်း စားအုန်းဆီဈေးကို ပိုမို ကျဆင်းစေပါတယ်။ မလေးရှားနိုင်ငံရဲ့ အခွန်ပုံစံသစ်က ၂၀၁၃ ခုနှစ် ဇန်နဝါနရီ ၁ ရက်မှာစတင်မှာ ဖြစ်လို့ အဲဒီအချိန်မှာတော့ စားအုန်းဆီဈေးဟာ တစ်တန်ရင်းဂစ် ၃၀၀၀ (ကန်ဒေါ် လာ ၉၇၈)ကို ပြန်လည်တိုးတက်လာလိမ့်မယ်လို့ ယုံကြည်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ၂၀၁၃ ဘဏ္ဍာနှစ်မှာ စားအုန်းဆီကြမ်း ပျမ်းမျှဈေးက တစ်တန်ရင်းဂစ် ၃၀၅၀(ကန်ဒေါ်လာ ၉၉၄)ရှိမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်Kenanaga သုတေ သနမှ ပြောကြားရာမှာ USDA ရဲ့ နောက်ဆုံးခန့်မှန်းချက်ဖြစ်တဲ့ ပဲပုပ်ဆီ ထုတ်လုပ် မှု ကောင်းမယ်ဆိုခြင်းက စားအုန်းဆီဈေးမြင့်တက်မှုကို ကန့်သတ်နိုင်မယ်လို့ ဆိုပါ တယ်။ စားအုန်းဆီကြမ်းဈေး သိသိသာသာ မြင့်တက်ပါက ပဲပုပ်ဆီကို ပြောင်းလဲ ဝယ်ယူမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာလအတွင်း စားအုန်း ဆီ ကြမ်းဈေးနိမ့်မှုကြောင့် ပဲပုပ်ဆီနဲ့ ဈေးကွာခြားမှုဟာ တစ်တန် ကန်ဒေါ်လာ ၃၇၀ ခန့်အထိ ကွာခြားမှု မြင့်တက်လာကာ ပဲပုပ်ဆီအစား စားအုန်းဆီဈေးကွက် ဝေစုပိုမိုရ လာဖွယ်ရှိတယ်လို့ဆိုပါတယ်။သိုလှောင်လက်ကျန်ပမာဏဟာ အောက်တို ဘာလမှာအမြင့်ဆုံးဖြစ်ပြီး၊ နိုဝင်ဘာလမှာ တန်ချိန် ၂ ဒသမ ၄၅ သန်းကို ကျဆင်း ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ရာသီထုတ်လုပ်မှုပုံစံအရ နိုဝင်ဘာလမှာ စားအုန်းဆီကြမ်း ထုတ်လုပ်မှုက ၈ ရာခိုင်နှုန်းခန့်ကျဆင်းမယ်လို့ ဆိုပါတယ်။ ပဲပုပ်ဆီနဲ့ ဈေးကွာဟမှု ကြီးမားလို့ စားအုန်းဆီပြည်ပတင်ပို့မှုက ၅ ရာခိုင်နှုန်းခန့် ဆက်ပြီး တိုးလိမ့်မယ်လို့ ဆိုပါတယ်။ ယုဇန၊Source: thesurdaily.com