ပြည်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ၊ ပဲတီစိမ်းနဲ့ ကုလားပဲက ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲစင်းငုံနီကတော့ အရောင်းအဝယ်ပါး သွားတယ်လို့ ဆိုပါတယ်။ မတ်ပဲကို ရန်ကုန်ဝယ်လက်က ဝယ်အား ပုံမှန်ရှိပေမယ့် ဈေးကတော့ ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ် လို့ သိရပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၇၄၀ ကျပ် (တစ်တန်ကို ၄၅၃၁၆၈ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင် ပုံမှန်ရှိသလို ရန်ကုန်-မန္တလေးဝယ်လက်ကလည်း အရည်အသွေးပေါ် မူတည်ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေး အနည်းငယ်မြင့်လာပြီး တစ်ပိဿာ ၁၀၈၅ ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်း အိတ် ၂၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ(ထိုင်ဝမ်)ကိုတော့ မြို့ခံခွဲစက်နဲ့ ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ ဆိုပါ တယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာ ၁၀၀၀ ကျပ်(တစ်တန်ကို ၆၁၂၃၉၀ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၂၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့ ရန်ကုန်အဝယ်အေးနေတာကြောင့် အရောင်းအဝယ်ဖြစ်မှုလည်း တော်တော်လေးနည်းနေတယ်လို့ ဆို ပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၈၂၅ ကျပ်(တစ် တန်ကို ၅၀၅၂၂၁ ကျပ်)ဈေးနဲ့ တစ်ပတ်အတွင်းအိတ် ၇၀၀ ခန့်သာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။
Background