Main menu

Background

အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ကုလားပဲ အရောင်းအဝယ်ဖြစ်မှုနည်း

Mon, 11/19/2012 - 04:58 -- Anonymous (not verified)

အောင်လံဈေးကွက်မှာ ဒီတစ်ပတ်  ပဲစင်းငုံနီကို ရန်ကုန် အဆွဲနည်းလာပြီး တစ်ပိဿာကို ၈၄၀ ကျပ်(တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ရက်ကို ၁၅၀ မှ ၂၀၀ ကြားသာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုလားပဲ(ထိုင်ဝမ်)ကိုလည်း ရန်ကုန်အဆွဲပါးပြီးမြို့ခံပဲခွဲစက်တွေသာ ဝယ်အားအထိုက်အလျောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၉၅၀ ကျပ်(တစ်တန်ကို ၅၈၁၇၇၀ ကျပ်)ဈေးနဲ့ တစ်ရက်ကို အိတ် ၁၅၀ ခန့်သာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သိပ္ပံ နှမ်းကို ရန်ကုန်ဝယ် လက်က ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ ပုံမှန်အရောင်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာ ၂၄၆၇ ကျပ်ဈေးနဲ့ တစ်ရက်ကိုအိတ် ၆၀၀ မှ ၈၀၀ ကြားဖြစ်ခဲ့တယ်လို့ မြို့ခံ နှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။