Main menu

Background

မကွေးဈေးကွက်မှာ ပဲတီစိမ်း၊ ပဲစင်းငုံနီနဲ့ နှမ်းမျိုးစုံ ပုံမှန်အရောင်းအဝယ်ဖြစ်

Mon, 11/19/2012 - 04:59 -- Anonymous (not verified)

မကွေးဈေးကွက်မှာ ဒီတစ်ပတ် ပဲတီစိမ်းကြီးကို ရန်ကုန်-မန္တလေးဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး  ဈေးပေးအ ဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ တစ်တန်ကို ၁၀၈၄ (၆၆၃၈၃၀) ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၂၀၀ ခန့် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားအခြေအနေကို တွက်ချက်ပြီး ဝယ်ယူ မှုတွေရှိတာကြောင့် ဈေးကတက်မလာဘဲ ယခင်အပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု က တစ်ပိဿာ ၈၄၀ ကျပ် (တစ်တန်ကို ၅၁၄၄၀၇ ကျပ်)ဈေးနဲ့ တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦး ကဆိုပါတယ်။ နှမ်းမျိုးစုံကို ရန်ကုန်-မန္တလေး ဝယ်လက်နဲ့ မြို့ခံဆီ စက်လုပ်ငန်းရှင်များက ဝယ်အားပုံမှန်ရှိသလို ရောင်းသူကုန်သည် များကလည်း အဆိုပါဈေးနဲ့ အရောင်းပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက နှမ်းနီ တစ်ပိဿာ ၁၉၂၂ ကျပ်၊ နှမ်းဖြူ တစ်ပိဿာ ၂၀၆၇ ကျပ်၊ နှမ်းနက်တစ်ပိဿာ ၂၄၂၂ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၅၀၀ မှ ၁၀၀၀ ကြား ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။