မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် ပဲမျိုးစုံထဲက မတ်ပဲဈေးတန့် နေပြီး ပဲစင်းငုံနီ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲ(ထိုင်ဝမ်)နဲ့ ပဲတီစိမ်း ကြီးက အောက်ဈေး နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲမျိုးစုံထဲက မတ်ပဲကို ဒီတစ်ပတ်မှာ ရန်ကုန်အဆွဲအနည်းငယ်ရှိသ လိုမြို့ခံပဲခွဲစက်တွေကလည်း ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးတန့်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၆၅၀ ကျပ် (တစ်တန်ကို ၃၉၈၀၅၃ ကျပ်)ဈေးနဲ့ တစ်ရက် ကိုအိတ် ၆၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီက လှောင် လက်ကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် ရှိနေပေမယ့် အိတ်စပို့ အတွက်ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က အဝယ်အေးနေပြီး မြို့ခံ ကုန်သည်အချင်းချင်းသာ ပဲခွဲစက်တွေအတွက် အောက်ဈေးနဲ့ အဝယ်ဖြစ်နေတယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ် အနေနဲ့ တစ်ပိဿာကို ၈၃၃ ကျပ်(တစ်တန်ကို ၅၁၀၁၂၀ ကျပ်) ဈေးနဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲ(ထိုင်ဝမ်)ကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံပဲခွဲစက်တွေက ဈေးချအဝယ်ရှိသလို ဝယ်လိုအားပါ အနည်းငယ် လျော့ကြလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာတယ်လို့ မြို့ခံပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှု က ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၈၅၆ ကျပ် (တစ်တန်ကို ၅၂၄၂၀၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)တစ်ပိဿာကို ၉၄၂ ကျပ် (တစ်တန်ကို ၅၇၆၈၇၁ ကျပ်)ဈေးနဲ့ နှစ်မျိုးပေါင်း တစ်ရက်ကို အိတ် ၈၀၀ မှ ၁၂၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲတီစိမ်းကြီးဈေး ကွက်အနေနဲ့ တရုတ်ဝယ်လက်နဲ့ ဒေသတွင်းခွဲစက်တွေက အရည် အသွေးအပေါ်မူတည်ပြီး အရည်အသွေးကောင်းရင် ကောင်းသလို ဈေးပေးအဝယ်ရှိပြီး အရည်အသွေးညံ့ပါက ဈေးနှိမ်ပြီး အဝယ်ရှိနေ တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက ပဲတီ စိမ်းကြီးတစ်ပိဿာ ၁၀၄၉ ကျပ်(တစ်တန်ကို ၆၄၂၃၉၇ ကျပ်)ဈေး နဲ့ တစ်ရက်ကိုအိတ် ၁၀၀၀ မှ ၁၃၀၀ ကြားဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ဒါ့အပြင် နှမ်းမျိုးစုံကို တရုတ်ဝယ်လက်နဲ့ မြို့ခံဆီစက်လုပ် ငန်းရှင်များက ဒီတစ်ပတ်မှာ ဝယ်လိုအားများလာသလို ရောင်းသူ ကုန်သည်များကလည်း အဆိုပါဈေးနှုန်းကို ကြိုက်နှစ်သက်ပြီး အ ရောင်းများလာတယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦးက ဆိုပါတယ်။ အ ရောင်းအဝယ်ဖြစ်မှုက နှမ်းဖြူတစ်ပိဿာ ၂၀၈၉ ကျပ်၊ နှမ်းနက်တစ် ပိဿာ ၂၃၅၆ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၂၅၅၆ ကျပ်၊ နှမ်းညို တစ်ပိဿာ ၁၈၂၂ ကျပ်ဈေးနဲ့ နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၄၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Background