Main menu

Background

မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ Mobile Team အဖွဲ့မှ သိမ်းဆည်းရမိ အေးခဲကြက်သားများ မီးရှို့ဖျက်ဆီး

Mon, 11/19/2012 - 05:09 -- Anonymous (not verified)

စားသုံးသူကာကွယ်ပေးရေးနဲ့ တရားမဝင်ကုန်သွယ်မှု များ လျော့နည်းကျဆင်းစေရေးအတွက် လှုပ်ရှား တားဆီး ရေးအဖွဲ့ Mobile Team နဲ့ မူဆယ်-မန္တလေးကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ထိန်းကျောင်းဆောင်ရွက်ပညာပေးနေပြီဖြစ်ပါတယ်။ နိုဝင် ဘာလ ၈ ရက်နေ့မှာတော့ခွန်လုံရွာအနီးအခြေပြုပြီး အတက် အဆင်းယာဉ်များကိုစစ်ဆေးရာမှာတော့ မူဆယ်မှမန္တလေးသို့ သွားတဲ့ ဠညေ ကားအမှတ် ကက/_____________ ပေါ်မှာ အလေးချိန်ကီလိုဂရမ် ၅၀၀ ကျော်ရှိ တရုတ်နိုင်ငံထုတ်အေးခဲ ထားသော (ဏနမငျ့ဘေူန) အသားတုအစို၊ ကြက်သား၊ ကြက် အဆီဘူး ၆ ထုပ်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ သက်ဆိုင်ရာ မွေးရေဝန်ကြီးဌာနရဲ့ ထောက်ခံချက်မပါရှိတဲ့အပြင် သိမ်း ဆည်းရမိထောက်ခံချက် ထုတ်ပေးနိုင်ရေးသဘောထား မှတ် ချက် တောင်းခံရာမှာလည်း ထောက်ခံချက်ထုတ်ပေးနိုင်ခြင်း မရှိတဲ့အတွက်  အထက်ဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီအဖွဲ့နဲ့ ဖျက်ဆီးမှုများကို နိုဝင်ဘာလ ၁၀ ရက်နေ့ ၁၀ နာရီ မှ ၁၁း၃၀ ချိန်ထိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှာ လုပ် ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အသားတုများမှာ အသားတုအစိုဖြစ်ခြင်း၊ ပိုင်ရှင် လာ ရောက်ဆက်သွယ်မှုမရှိခြင်းတို့ကြောင့် ကျန်အသားစိုများနဲ့ အတူ တစ်ပါတည်းဖျက်ဆီးရန် အဖွဲ့က ဆုံးဖြတ်ပြီး ဖျက်ဆီးခဲ့ တယ်လို့ သိရပါတယ်။ မူဆယ် ၁၀၅ မိုင်ဇုန်အတွင်း မြေတွင်းတူးပြီး Mobile Team  အဖွဲ့ပါ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ မြန်မာ နိုင်ငံရဲ တပ်ဖွဲ့၊ ဒေသအာဏာပိုင်ကိုယ်စားလှယ်၊ ကုန်သည်များ အသင်းကိုယ်စားလှယ်နဲ့ Media များပါဝင်သောအဖွဲ့က ဒီဇယ်လောင်းမီး ရှို့မြေမြှုပ်ဖျက်ဆီးမှုကို လုပ်ဆောင်ခဲ့တဲ့မှတ် တမ်း ဓာတ်ပုံများနဲ့ ဖော်ပြပေး လိုက်ရပါတယ်။    ဂန္ဓမာ