Main menu

Background

တရုတ်နယ်စပ်မှ ရေထွက်ကုန်မျိုးစုံ ပိုမိုတင်ပို့

Mon, 11/19/2012 - 05:09 -- Anonymous (not verified)

နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော် နယ်စပ်များမှ  ယခင်အပတ်ထက်ရေထွက်ကုန် ပိုမိုတင်ပို့ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၁၉ သန်းတန်ဖိုးရှိ ရေထွက်ကုန် အမယ်စုံ ၅၄၆ တန်ခန့်နဲ့ ချင်းရွှေဟော်မှ သုညဒသမ ၇၁၅ သန်းတန်ဖိုးရှိ ငါးရှဉ့်နဲ့ ကဏန်း ၁၇၆ တန်ကျော်တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က ရေထွက်ကုန်တန်ချိန် ၅၂၁ တန် ကျော် တင်ပို့ခဲ့ပြီး ယခုအပတ်မှာ ၇၂၂ တန်ခန့် တင်ပို့နိုင် ခဲ့တဲ့အတွက် တန် ၂၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင် ပို့တဲ့ အမယ်တွေကတော့ မူဆယ်မှကဏန်း ၂၉ တန်ကျော်၊ ရေခဲငါး ၃၀၄ တန်ကျော်၊ ငါးစည်ဖောင်းသုညဒသမ ၆၅၈ တန်၊ ငါးခြောက် ၆ တန်ခန့်၊ ငါးလေးခြောက် ၁၁၄ တန်ခန့်နဲ့ ငါးဆားနယ် ၉၂ တန်ကျော်ဖြစ်ပါတယ်။ ချင်းရွှေဟော်မှ ငါးရှဉ့် အရှင် ၁၁၇ တန်ကျော်နဲ့ ကဏန်းအရှင် ၅၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။

ယခုအပတ် မူဆယ်မှ ကဏန်းလေလံဈေးများ ကိုကြည့် လျှင် ယခင်အပတ်ထက် အနည်းငယ်ကျဆင်းနေတာ တွေ့ရ ပါတယ်။ ယခင်အပတ်နဲ့ယခုအပတ်ကဏန်းဈေးများကိုနှိုင်း ယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် -
 
မိမိဘက်(ကျပ်/တန်)                                         တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု         ယခင်       ပြောင်းလဲမှု    %      ယခု        ယခင်    ပြောင်းလဲမှု    %ကဏန်း၂၅၀ ဂရမ်အထက်    ၂၉၉၂၀၀၀    ၃၀၇၇၀၀၀    ၈၅၀၀၀        ၃    ၂၂၃၁၂    ၂၂၅၈၈         ၂၇၆        ၁၂၀၀-၂၅၀ ဂရမ်      ၂၈၂၂၀၀၀    ၂၉၀၇၀၀၀      ၈၅၀၀၀       ၃    ၂၁၀၆၂    ၂၁၃၄၀         ၂၇၈        ၁    ၁၅၀-၂၀၀ ဂရမ်      ၂၆၅၂၀၀၀    ၂၇၃၇၀၀၀      ၈၅၀၀၀       ၃    ၁၉၈၁၂    ၂၀၀၉၂         ၂၈၀        ၁၁၀၀-၁၅၀ ဂရမ်     ၂၅၂၄၅၀၀    ၂၆၀၉၅၀၀       ၈၅၀၀၀       ၃    ၁၈၈၇၅    ၁၉၁၅၆         ၂၈၁        ၁ယဉ်ယဉ်အေး၊MIRT (DOBT)