ပြည်တွင်းကို တရားဝင်တင်သွင်းခွင့်ပြုထားတဲ့ ဂျုံစေ့များအား မြန်မာ-အိန္ဒိယနယ်စပ်မြို့တစ်ခုဖြစ်တဲ့ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပုံမှန်တင်သွင်းလျက်ရှိနေပါတယ်။ ဂျုံစေ့များကိုတင်သွင်းခွင့်ပြုထား ပေမယ့်လည်း စီးပွားရေးတွက်ခြေမကိုက်လို့ဆိုပြီး ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်လောက်ကစပြီး အိန္ဒိယဘက်က တင်သွင်းမှု ရပ်ဆိုင်းခဲ့ပါတယ်။ ယခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၁၃ ရက်ထိကာလမှာတော့ ဂျုံစေ့ ၁၈ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုည ဒသမ ၀၀၄၈ သန်းခန့်ကို ပြန်လည်တင်သွင်းလာနိုင်တာတွေ့ရပါတယ်။ ယခုတင်သွင်းလာနိုင်တဲ့ ဂျုံစေ့များဟာ နယ်စပ်ရှိ ဂိုဒေါင်မှာချပြီးသားပစ္စည်းများဖြစ်တဲ့အတွက် လိုင်စင်လျှောက်ထားတင်သွင်းလာတာလို့ တမူးနယ်စပ် ကုန်သည်အသင်းမှ သိရပါတယ်။ ခင်မိုးသူ
Background