Main menu

Background

ထိုင်းနယ်စပ်စခန်းများမှ ရေထွက်ကုန် ကန်ဒေါ်လာ ၃ သန်းနီးပါး တင်ပို့

Mon, 11/19/2012 - 05:44 -- Anonymous (not verified)

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်နေ့ထိ ကာလအတွင်း ကန်ဒေါ်လာသုညဒသမ ၁၂၁ သန်း တန်ဖိုးရှိ ရေထွက်ကုန်ငါးမျိုးစုံ ၁၃ တန်ကျော်၊ ပုစွန် ၅ တန်ကျော်၊ ကဏန်း ၁၄ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်းရေထွက်ကုန် ၃၃ တန်ကျော် တင်ပို့နိုင်ခဲ့ရာ ယခင် အပတ်ကထက် ၄၁ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက်တင်ပို့မှုလျော့နည်းရခြင်းမှာ ငါးမျိုးစုံတင်ပို့မှုလျော့ နည်းခြင်း ကြောင့်ဖြစ်ပါတယ်။

ကော့သောင်းနယ်စပ်မှ ယခုအပတ်မှာသုညဒသမ ၇၅၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၉၈၁ တန်ကျော်၊ငါးဆားနယ် ၈ တန်နီးပါး၊ ကဏန်း ၃ တန်ကျော်၊ ကင်းမွန် တန် ၃၀ ကျော်၊ ကျောက်ပုစွန် ၁ တန်နီးပါး၊ ငါးစည်ဖောင်း ၃ တန် ကျော်တင်ပို့ခဲ့ပြီး၊ ယခုအပတ်တွင် ငါးမျိုးစုံ၊ ကျောက်ပုစွန်၊ မုတ်ခွံများ လျော့နည်းစွာ တင်ပို့နိုင် ခဲ့တာကြောင့် ယခင်အပတ်ကထက် တင်ပို့မှုလျော့နည်း ခဲ့ပါတယ်။ ယခုအပတ်တွင် ယခင်အပတ်က တင်ပို့ခြင်းမရှိခဲ့တဲ့ ငါးစည်ဖောင်း တင်ပို့နိုင်တာတွေ့ရပါတယ်။ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၇၈၂ တန်ကျော်၊ ရေငန်ပုစွန် ၂၄ တန်၊ ကဏန်းအသေး (အသေ) ၇ တန်ကျော်၊ ငါးမှုန့် ၂၃၇ တန်ကျော်၊ ပုစွန်ခြောက် ၃ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့ခဲ့တဲ့ အေးခဲကဏန်းပျော့၊ အေးခဲပုစွန်၊ အေးခဲကင်းမွန်၊ ငါးခြောက်၊ ကင်းမွန် ပြုတ်ခြောက်၊ အေးခဲကဏန်းနီ၊ ငါးဆားနယ်၊ ကဏန်းနီ၊ ကင်းမွန်ကောင်လုံးသန့်၊ ကင်းမွန်အသားလွှာ၊ ကင်းမွန်ခေါင်း၊ ငါးအသားလွှာများ ယခုအပတ်တွင် တင်ပို့ နိုင်ခြင်းမရှိခဲ့ပေ။ ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများအနေနဲ့ ယခုအပတ်မှာ ရေထွက်ကုန် ၃၁၁၄ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၁၃၀၄ တန်ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ခင်မြနွယ်၊MIRT(DOBT)