မြန်မာ-အိန္ဒိယနယ်စပ်မြို့တစ်ခုဖြစ်တဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်နိုင်ငံ ဇိုခေါရ်ဒါသို့ နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်အတွင်း တန်ဖိုး ကန် ဒေါ်လာသုညဒသမ ၀၁၆ သန်းရှိ ဝက်အရှင် ၉၆၆၇ ကီလိုဂရမ် ကို တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်အပတ်က ၂၇၃၅ ကီလိုဂရမ်သာ တင်ပို့နိုင်တဲ့အတွက် ယခုအပတ်မှာ ၆၉၃၂ ကီလိုဂရမ်ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှာရှိတဲ့ မြန်မာအလုပ် သမားများ အများဆုံးစားသုံးကြတဲ့ အတွက် ဝက်အရှင်ကို ရိဒ်နယ်စပ်ကုန်သွယ်ရေး မှ အဓိကပို့ကုန်အဖြစ်တင်ပို့လျက်ရှိတယ်လို့ ရိဒ်နယ်စပ်ကုန်သည် အသင်းမှ သိရ ပါတယ်။ ခင်မိုးသူ
Background