အိန္ဒိယနိုင်ငံဟာ ယခုနှစ်မှာ ပြောင်းထုတ်လုပ်မှုကျဆင်းခြင်းနဲ့ ကမ္ဘာ့ပြောင်း ဈေးနှုန်းကျဆင်းနေခြင်း တို့ကြောင့် ပြည်ပကို ပြောင်းတင်ပို့မှုကျဆင်းဖွယ်ရှိကြောင်း၊ ၃၇ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန်ပေါင်း ၃ သန်းသာ တင်ပို့နိုင်ဖွယ်ကြောင်း အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါရှိတယ်။
အိန္ဒိယနိုင်ငံဟာ ၂၀၁၁-၂၀၁၂ ခုနှစ် (နိုဝင်ဘာ-အောက်တိုဘာလထိ ) ပြောင်းရာသီမှာ ပြည်ပမှ ဝယ်လိုအား ကျဆင်းခြင်းနဲ့ ဆိပ်ကမ်းမှာ ကုန်ပစ္စည်းထားရှိ ဖို့ အကျပ်အတည်းဖြစ်နေခြင်းတို့ကြားမှ ပြည်ပကိုတန်ချိန်ပေါင်း၄ ဒသမ ၈ သန်း ခန့်ထိတင်ပို့နိုင်ခဲ့တယ်။ယခု ၂၀၁၂-၂၀၁၃ ခုနှစ်မှာယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက ပြည် တွင်းမှာ ပြောင်းဈေးနှုန်းအားကောင်းမယ်လို့ မျှော်မှန်းရပြီး ပြည်ပကို တင်ပို့မှုမှာ တန် ၃ သန်း အောက်ကျဆင်း နိုင်တယ်လို့ အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန (USDA) က ပြောကြားတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်ပကို တင်ပို့နေတဲ့ ပြောင်းဈေးနှုန်းက တစ်တန်ကို (FOB နှုန်း) ကန်ဒေါ်လာ ၂၈၀ မှ ၂၉၀ ဝန်းကျင်မှာရှိတယ်။ ဒါ့ပြင်သီးနှံအသစ်တွေဟာဈေးကွက်များအတွင်းသို့အရှိန်အဟုန်နဲ့ ဝင်ရောက် လာတဲ့အ တွက် ပြည်တွင်း ဈေးကွက်တွေမှာ ပြောင်းဈေးနှုန်းဆက်လက်ကျဆင်း လာဖွယ်ရှိပြီး အစိုးရရဲ့ အနိမ့်ဆုံးထောက်ပံ့ေ ဈးနှုန်းဖြစ်တဲ့ တစ်တန်ကို ရူပီး ၁၁၇၅၀ (ကန်ဒေါ်လာ ၂၁၈) အောက်သို့ ကျဆင်းလာနိုင်ကြောင်းလည်း (USDA) က ပြောကြားထားတယ်။ ဒါ့ကြောင့် လာမယ့်နှစ်ပြောင်းရာသီမှာ အစိုးရအဖွဲ့အစည်းတွေက ဈေးကွက် အတွင်းသို့ အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်းနဲ့ ဝင်ရောက်ဝယ်ယူပြီး ကြားဝင်ဖြေရှင်းရ လိမ့်မယ်လိ့ုလည်း လေ့လာသုံးသပ်ထားတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ယခင်နှစ်က ပြောင်းတန်ချိန် ၂၁ ဒသမ ၅၇ သန်း ထုတ်လုပ်ခဲ့ပေမဲ့ ယခုနှစ်မှာ မုတ်သုန်မိုး အားနည်းခဲ့တဲ့အတွက် ပြောင်းထုတ်လုပ်နိုင်မှုမှာ တန် ၂၀ သန်းခန့်သာ ရှိလိမ့်မယ်လိ့ု ခန့်မှန်းထားတယ်။စန္ဒာပျို၊ Source:thehindubusinessline.com