Main menu

Background

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာအဆင့်စုံ ၁၀၈၄ တန်ကျော်တင်ပို့

Mon, 11/19/2012 - 06:36 -- Anonymous (not verified)

နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၀၄၁ သန်းတန်ဖိုးရှိတဲ့ ရော်ဘာအဆင့်စုံ ၁၀၈၄ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၁၃ သန်းတန်ဖိုးရှိ ရော်ဘာ ၂၉၁ တန်ကျော်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၂၀ သန်းတန်ဖိုးရှိ RSS-3  တန် ၄၀၀ ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၈၄၀ သန်းတန်ဖိုးရှိ  MSR- 20 တန် ၃၀၀ ခန့်၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ရော်ဘာ ၉၂ တန်ကျော်အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ MSR- 20  ကတော့ ယခင်အပတ်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်နဲ့တရုတ်နိုင်ငံနယ်စပ်မြေပြင် ဈေးများကို နှိုင်းယှဉ် ကြည့်ရာမှာ ပြည်တွင်း RSS-3  ရော်ဘာဈေးရော တစ်ဖက်နိုင်ငံဈေးပါကျလျက်ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် RSS-5  ရော်ဘာဈေးကတော့ မိမိဘက်မှာ အနည်းငယ်တက်လျက်ရှိပြီး တစ်ဖက်နိုင်ငံဈေးကတော့ အနည်းငယ်ကျနေတာကို တွေ့ရပါ တယ်-

မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု         ယခင်      ပြောင်းလဲမှု     %       ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၇၀၄၀၀    ၂၅၈၄၀၀၀     ၁၃၆၀၀       ၀ .၅    ၃၀၇၂    ၃၀၇၆             ၄       ၀ .၁RSS - 5    ၂၅၀၂၄၀၀    ၂၅၁၆၀၀၀     ၁၃၆၀၀       ၀ .၅    ၂၉၉၂    ၂၉၉၆             ၄       ၀ .၁ခင်ကလျာဦး