Main menu

Background

ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့၏ ရော်ဘာတင်ပို့မှုကို လျှော့ချသည့် အစီအစဉ်သာမရှိပါက ရော်ဘာဈေးနှုန်း ယခုထက်ပိုမိုကျဆင်းမည်

Mon, 11/19/2012 - 06:39 -- Anonymous (not verified)

နိုဝင်ဘာလအတွင်း ရော်ဘာဈေးနှုန်းတွေက ဆက် တိုက် အားနည်းလာသည်။နိုဝင်ဘာလ ၅ရက်နေ့က တစ်တန် ကို ၂၉၇၆ ဒေါ်လာမှာ ရှိနေခဲ့တဲ့ ထိုင်းရော်ဘာ RSS – 5  (မှိုင်းခံရော်ဘာ အဆင့် ၅) က နိုဝင်ဘာလ ၁၂  ရက်နေ့မှာ ၂၉၃၄ ဒေါ်လာအထိ ကျဆင်းလာတယ်။ မလေးရှားရော်ဘာ SMR – 20   ကလည်း တစ်ပတ်အတွင်း ၅၇ ဒေါ်လာကျော် ကျဆင်းလာတယ်။ တရုတ်နိုင်ငံရဲ့ အောက်တိုဘာလ ရော်ဘာ တင်သွင်းမှု ကျဆင်းခြင်း၊ဂျပန်ရဲ့ GDP  တိုးတက်နှုန်း ကျဆင်းခြင်းနဲ့ အီးယူဒေသကြွေးမြီအကျပ်အတည်းတို့ကြောင့် ကမ္ဘာ့စီးပွား ရေးအားနည်း ကာ ရော်ဘာဝယ်လိုအား ကျဆင်း မယ်လို့ ခန့်မှန်းကြတဲ့အ တွက် ဈေးနှုန်းကျဆင်းလာ တာဖြစ်ပါ တယ်။ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုအများဆုံးဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့အနေနဲ့ ၎င်းတို့ရဲ့ ရော်ဘာ တင်ပို့ မှုကို လျှော့ချတဲ့ အစီအစဉ်သာ မရှိပါက ရော်ဘာဈေးနှုန်း ယခုထက်ပိုမို ကျဆင်းလာမှာ ဖြစ်ပါတယ်။ ၎င်းင်း ၃ နိုင်ငံပါဝင် တဲ့ အဖွဲ့က ရော်ဘာဈေးနှုန်းတွေ ကျဆင်းမှုကို ထိန်းချုပ်ဖို့ ရော်ဘာတင်ပို့မှု လျှော့ချတဲ့ အစီအမံကို အောက်တိုဘာလ ၁ ရက်နေ့မှ စပြီး ဆောင်ရွက်လျက်ရှိတယ်။Source:online.wsj.com, rubberboard.org.in Thairubber association, ပပ