ကျိုက်ထီးရိုးဒေသသို့ ပြည်ပဧည့်သည်ဝင်ရောက်မှု များပြား

ကျိုက်ထီးရိုး  ဆံတော်ရှင်စေတီ တော်သို့  လာရောက်ဖူးမြော်ကြသည့် ပြည်ပခရီးသွားများ  လာရောက်မှုမှာ တစ်စထက်တစ်စ   ပိုမိုများပြားလာ ကြောင်း ကင်ပွန်းစခန်းမှ ဆိုင်ခန်းပိုင် ရှင်များက ပြောကြားသည်။ယခုကဲ့သို့  ဧည့်သည်ဝင်ရောက်မှု များပြားလာရခြင်းများမှာ  ပွင့်လင်း ရာသီကာလ  စတင်ခြင်းကြောင့်ဖြစ်ပြီး တန်ဆောင်တိုင်ပွဲတော်စသည့် ပွဲတော် များရှိခြင်းကြောင့်ဖြစ်ကြောင်း   သိရ သည်။ ခရီးသွားအများစုမှာဘာသာရေး ပွဲတော်များ၏ ဓလေ့စရိုက်နှင့်ယဉ်ကျေး မှုများအား လာရောက်လေ့လာကြပြီး သဘာဝရှုခင်းအလှနှင့်   ပြည့်စုံသည့် ကျိုက်ထီးရိုးဘုရားအား လာရောက်ဖူး မြော်ကြသည်မှာ ပိုများခြင်းဖြစ်သည်။"ခရီးသွားအများစုက  သဘာဝရှု ခင်းတွေလေ့လာဖို့ ကျိုက်ထီးရိုးဘက်ကို သွားတယ်။  ရှမ်းပြည်ဘက်ကို  သွား တယ်။ ဒီလထဲတော့ရှမ်းပြည်တက်တာ သိပ်မရှိသေးဘူး။ ကျိုက်ထီးရိုးသွားကြ တာပဲများတယ်"ဟု ခရီးသွားပို့ဆောင် ရေးလုပ်ငန်းရှင်တစ်ဦးကပြောပြသည်။ကျိုက်ထီးရိုးသို့   လာရောက်ကြ သော  ဧည့်သည်အများစုမှာ ထိုင်း၊ ဂျပန်၊  ကိုရီးယား လူမျိုးတို့ဖြစ်သည်။