နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာနိုင်

နိုင်ငံခြား  ရင်းနှီးမြှုပ်နှံသူများဖြစ် ကြသော တရုတ်၊  တောင်ကိုရီးယား အစရှိသည့်နိုင်ငံများ ရင်းနှီးမြှုပ်နှံမှုနယ် ပယ်သို့ဝင်ရောက်လာပါက မြန်မာ့ခရီး သွားလုပ်ငန်းမှာလည်း  ယခုထက်ပိုမို၍ တိုးတက်  ကောင်းမွန် လာနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာ့ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုရှိလာစေရန် ပြည်ပမှစီးပွား ရေးလုပ်ငန်းရှင်များအား လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့်ပြုထားပြီး အာရှ နိုင်ငံများမှ  ကုမ္ပဏီကြီးများက စိတ် ဝင်စားလာကြကြောင်း၊  အဆိုပါအာရှ နိုင်ငံများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး သည့် နိုင်ငံများဖြစ်ပြီး နည်းပညာများ ပေါင်းစပ်ဖော်ဆောင် လာပါက  တိုး တက်လာနိုင်မည်ဟု ခန့်မှန်းနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
"ဆီးဂိမ်းပြိုင်ပွဲကလည်း လာတော့ မယ်၊ အာဆီယံဥက္ကဋ္ဌရာထူးက  လွှဲ ပြောင်းယူမယ့်အချိန်နီးလာတော့ အဓိ ကပြင်ဆင်ရမယ့်အထဲမှာ ခရီးသွားလုပ် ငန်းတွေပါတယ်။ ဟိုတယ်၊ အိပ်ခန်း လုံလောက်မှုရှိရေး၊ ဝန်ဆောင်မှုကောင်း မွန်စွာပေးနိုင်ရေး၊ ခရီးသွားများ၏လုံခြုံ ရေးစသည်ဖြင့်   လုပ်ဆောင်ရမယ်။ မပြင်ဆင်ထားလို့   မရတော့ဘူး" ဟု ကော်မရှင်တာဝန်ရှိသူကပြောပြသည်။
ရင်းနှီးမြှုပ်နှံမှုများအတွက်   အ နောက်ဥရောပ  နိုင်ငံကြီးများမှလည်း လာရောက်ဆွေးနွေးကြကြောင်းနှင့် မြန် မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ်များ ၏စံချိန်ကိုမီရန်  လိုအပ်သေးကြောင်း သိရသည်။