Main menu

Background

တရုတ်နိုင်ငံ၏ ယှေလဓာတ်ငွေ့ထုတ်လုပ်မှုအလားအလာ

Mon, 11/19/2012 - 07:01 -- Anonymous (not verified)

ယခုအခါ ရေဖိအားပေးပြီး ကမ္ဘာ့ကုန်းတွင်း မြေအောက်ရှိနုန်းကျောက်ခေါ် ယှေလကျောက်  (Shale rock)  တွေကြားမှာရှိတဲ့ သဘာဝဓာတ် ငွေ့ အမြောက်အမြားကို ထုတ်ယူသုံးစွဲလာနေကြ ပါတယ်။ တရုတ်နိုင်ငံ ရဲ့ ယှေလဓာတ်ငွေ့သိုက် ပမာဏဟာ ကုဗမီတာ ၃၆ ဒသမ ၁ ထရီလီယံ ရှိတဲ့အတွက် ကမ္ဘာ့ယှေလဓာတ်ငွေ့သိုက်  စုစု ပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ကုဗမီတာ ၂၄ ဒသမ ၄ ထရီလီယံရှိတဲ့အတွက် ဒုတိယအများဆုံးရှိပါ တယ်။ ရှေးလ်ဂက်စ် (Shale gas) လို့ ခေါ်တဲ့ ယှေလဓာတ်ငွေ့မှာ မီသိန်း (methane)  ဓာတ်ငွေ့ အဓိကပါဝင်နေတဲ့အတွက် သန့်ရှင်းပြီး လောင်စာ စွမ်းရည်ကောင်းတဲ့ဓာတ်ငွေ့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ရှေးလ်ဂက်စ်တွေဟာ အရေးကြီးတဲ့ သဘာဝဓာတ်ငွေ့ အရင်းအမြစ်ကြီး ဖြစ်လာပြီး အနာဂတ် ကမ္ဘာ့စွမ်းအင်ပုံစံကို ပြောင်းလဲသွား စေနိုင်ပါတယ်။

တရုတ်နိုင်ငံမှာ ရှေးလ်ဂက်စ်ရှာဖွေထုတ် လုပ်ရေးကို စိတ်ဝင်စားလာပြီး လာမယ့် ၂၀၁၅ ခုနှစ်ရောက်ရင် တစ်နှစ်ကို ကုဗမီတာ ၆ ဒသမ ၅ ဘီလီယံထွက်ရှိအောင် ဆောင်ရွက်လျက်ရှိပါ တယ်။ လောလောဆယ်  စမ်းသပ်ဇုန်တွေမှာ ရှေးလ်ဂက်စ်အစမ်းတွင်းပေါင်း ၆၂ တွင်း တူးဖော် နေပါတယ်။ အဲဒီတွင်းတွေထဲက ၂၄ တွင်းဟာ စက်မှုလုပ်ငန်းမှာအသုံးပြုနိုင်တဲ့ ရှေးလ်ဂက်စ်တွေ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။ လောလောဆယ် တရုတ်နိုင်ငံမှာ ရှေးလ်ဂက်စ်တွေကို စီးပွားဖြစ် အမြောက်အမြားထုတ်လုပ်နိုင်သေးခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ရှေးလ်ဂက်စ် ရှာ ဖွေရေးနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေဟာ  အရှိန် အဟုန်နဲ့ လျင်မြန်စွာ တိုးတက်လာနိုင်တယ်လို့ ခန့် မှန်းကြပါတယ်။အမေရိကန်နိုင်ငံမှာ ၁၉၈၀ ပြည့်နှစ်လောက် ကတည်းက ရေနံတူးဖော်ရေးလုပ်ငန်းပညာရှင် ဂျော့မစ်ချယ်(လ်) ဟာ ရေဖိအားပေးပြီး ယှေလ ကျောက်ကြားတွေမှာ ခိုအောင်းနေတဲ့ သဘာ၀ ဓာတ်ငွေ့တွေ ထုတ်ယူနည်းကို စမ်းသပ်တွေ့ရှိခဲ့ ပါတယ်။ ယှေလဓာတ်ငွေ့သိုက်  အကြီးဆုံးရှိတဲ့ ပင်စီဘေးနီးယားပြည်နယ်မှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း ရှေးလ်ဂက်စ်တွင်းပေါင်း ၂၄၀၀ တူးဖော်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာလည်း တွင်း ပေါင်း ၃၀၀၀ ခန့် ထပ်မံတူးဖော် ထုတ်လုပ်လာ ခဲ့ပါတယ်။ အဲဒီဒေသမှာလုပ်ကိုင်နေတဲ့ အလုပ် သမားပေါင်းဟာ တစ်သိန်းကျော်ရှိတယ်လို့ သိ ရပါတယ်။ ၂၀၀၆ ခုနှစ်ကနေ  ၂၀၁၀ ပြည့်နှစ် အတွင်းအမေရိကန်နိုင်ငံရဲ့ ရှေးလ်ဂက်စ်ထုတ်လုပ် မှုဟာ ကုဗမီတာဘီလီယံ ၁၇၀ အထိ ရှိလာပါ တယ်။ ဒါကြောင့် ရေနံတင်သွင်းမှုကိုယခင်က စွမ်း အင်လိုအပ်ချက်အရ ၆၀ ရာခိုင်နှုန်းအထိ တင် သွင်းခဲ့ရာမှ  ယခုအခါ ၄၅ ရာခိုင်နှုန်းကို လျှော့ချ တင်သွင်းလာနိုင်ခဲ့တယ်လို့ သိရပါတယ်။တရုတ်နိုင်ငံအနေနဲ့ ၂၀၁၁ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ရှေးလ်ဂက်စ် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးရေးဇုန်တွေကို တည်ထောင်သွားဖို့ရှိပါတယ်။ ၂၀၁၅ ခုနှစ်ရောက်ရင် ရှေးလ်ဂက်စ်တစ်နှစ်ကို ရှေးလ်ဂက်စ်ကုဗမီတာ ၆ ဒသမ ၅ သန်း ထုတ် လုပ်ဖို့ ရည်မှန်းထားသလို ၂၀၂၀ ပြည့်နှစ်ရောက် ရင်တစ်နှစ်ကို ကုဗမီတာ ဘီလီယံ ၆၀ ကနေ ၁၀၀ အထိထုတ်လုပ်သွားနိုင်အောင် ဆောင်ရွက်သွား မယ်လို့ သိရပါတယ်။ နိုင်ငံပိုင် ရေနံဓာတုကုမ္ပဏီ ကြီးတွေဖြစ်တဲ့    Petro China,  Sinopec, Coalseam Gas Development နဲ့ Utilization Co.Ltd  တို့ဟာ ပြည်ပဓာတ်ငွေ့ကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်သွားဖို့  ကြိုးစားနေကြကြောင်း ပါခင်ဗျား။    ။      Ref:bjreview.com