Main menu

Background

တံတားဦးဟိုတယ်ဇုန် စီမံကိန်းအကောင်အထည်ဖော်ဖို့ ကျေးရွာနှစ်ရွာအား ညှိနှိုင်းဆောင်ရွက်ပြီ

Mon, 11/19/2012 - 07:04 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးဟိုတယ်ဇုန် စီမံကိန်းအား အကောင် အထည်ဖော်ဖို့ ယခုလ တတိယပတ် အတွင်း ကျေးရွာနှစ်ရွာအား ညှိနှိုင်းဆောင် ရွက်မှုပြုလုပ်ပြီဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမြင့်အောင် က " ရှေ့တစ်ပတ်က ကတို့ဆိပ်ကျေးရွာနဲ့ ခေါင်းကွဲကျေးရွာမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးေ ရးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းနဲ့အဖွဲ့မှ လယ်ယာမြေကိစ္စရပ်များတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ တန်ဖိုးသတ်မှတ်ဖို့ တော့ မညှိနှိုင်းရသေးဘူး။ တောင်သူနဲ့ Developer ကြားမှာ နှစ်ဦးနှစ်ဖက် မနစ်နာစေရအောင် ညှိနှိုင်းပေးဖို့ ဆောင်ရွက်နေပါတယ်။ ထပ်မံပြီး ငါးရာပြကျေးရွာမှာလည်း ညှိနှိုင်းမှုပြုလုပ်သွားဖို့ စီစဉ်နေပါတယ် " လို့ ပြောပါတယ်။တံတားဦးဟိုတယ်ဇုန်မှာ အဆင့်မြင့်ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးခန်းများ ဝန်ထမ်းအိမ်ရာများနဲ့ ဈေးများကိုပါ New  Town  Plan  အနေနဲ့ ဖော်ဆောင်သွား မှာဖြစ်ကြောင်း၊ ဟိုတယ်ဇုန်စီမံကိန်းမှာ အများပါဝင်ထည့်ဝင်နိုင်ဖို့ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းခွင့် တင်ပြထားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းခွင့်ကျလာပြီးနောက် မကြာမီကာလ မှာ အစုရှယ်ယာများခေါ်မှာဖြစ်ကြောင်း၊ မည်သူမဆို ပါဝင်နိုင်ပါကြောင်း သိရပါ တယ်။                                           ဇူးဇူး-မန္တလေး