နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းမြို့မှာ တစ်လုံးတည်းသာရှိတဲံ့စေစပ ဟိုတယ် အက်ကွဲပျက်စီးခဲ့ပြီး ၎င်းင်းနေ့မှာပင် ဟိုတယ်အား ပိတ်ထားခဲ့ရကြောင်း သိ ရပါတယ်။
Happy ဟိုတယ် အဆောက်အအုံ မှာ မြေညီထပ် အပါအဝင် ငါးထပ် အဆောက်အအုံဖြစ်ပြီး၊ သက်တမ်းမှာ ၂၂ နှစ်ကြာမြင့်ပြီဖြစ်ကြောင်း သိရပါ တယ်။ ယခုရက်ပိုင်းမှာ ဟိုတယ်ကိုလာ ရောက်တည်းခိုသူ ၁၀၀ နဲ့ ၂၀၀ အကြား မှာရှိနေပြီ၊ စက်ဘီးနဲ့ လာရောက်လည် ပတ်တဲ့ နိုင်ငံခြားသား ဧည့်သည်များနဲ့ ကျောက်ဝိုင်းကိုလာတဲ့ တရုတ် ဧည့် သည်များအများဆုံးတည်းခိုမှုရှိကြောင်း သိရပါတယ်။ Happy ဟိုတယ်ပိုင်ရှင် ကိုမိုး ကျော်ကျော်က "အဆောက်အအုံက ကြာနေပြီဖြစ်တဲ့အပြင် စစ်ကိုင်းငလျင် က တော်တော်လေးပြင်းတော့ ဒုတိယ အကြိမ်လှုပ်တဲ့အခါမှာ အဆောက် အအုံက အသံမြည်လာပြီး နံရံတွေ အက်ကွဲလာလို့ ချက်ချင်းပဲ ဟိုတယ် ပိတ်ထားလိုက်တယ်။ အခုအဆောက် အအုံတစ်ခုလုံးကို ဖြိုချပြီး၊ အစအဆုံး ပြန်တည် ဆောက်မယ်။ ပြည်တွင်းက အင်ဂျင်နီယာနဲ့ပဲဆောက်မှာပါ။ အထပ် အမြင့်မဆောက်ဘဲ သုံးထပ်ပဲဆောက် မယ်။ သဘာဝဘေးအန္တရာယ်အတွက် ဦးစားပေးပြီး ဆောင်ရွက်သွားပါမယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဟိုတယ်လုပ်ငန်း အခြေအနေ မကောင်းခဲ့ဘူး။ ခုလို ကောင်းတဲ့ရာသီမှ ဖျက်ရသလိုဖြစ်သွား တယ်။ အခြေအနေကြည့်ပြီး တစ်နှစ် အတွင်း အပြီးတည်ဆောက်သွားမယ်" လို့ ပြောပါတယ်။ ဇူးဇူး-မန္တလေး