Main menu

Background

အေးခဲသရက်သီးစမ်းသပ်ထုတ်လုပ်မှုအောင်မြင်၍ နောင်နှစ်တွင် ထပ်တိုး၍ ထုတ်လုပ်မည်

Mon, 11/19/2012 - 07:11 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် သဇင်နွယ်မိသားစုကုမ္ပဏီမှ အေးခဲသရက်သီးစမ်းသပ်လုပ်ဆောင်ခဲ့ ရာ အောင်မြင်မှုရရှိခဲ့ကြောင်း သိရပါ တယ်။

သဇင်နွယ်မိသားစု ကုမ္ပဏီဒါရိုက်တာဖြစ်သူက "ဒီနှစ် သရက်သီး ရာသီမှာ တံတားဦးဒေသထွက် စိန်တလုံး နဲ့ ရွှေဟင်္သာသီးတွေကို စမ်းသပ် အေးခဲခဲ့တာ ခုဆို လေးလရှိပြီဆိုတော့ အောင်မြင်တယ်လို့ဆိုရမယ်။ အေးခဲ သရက်သီးကို အစေ့ထုတ်ပြီး၊ နည်းပညာအကူအညီနဲ့ပဲ ဆား၊ သကြားမပါ မူလအရသာအတိုင်းအေးခဲထားတယ်။ ဒီနှစ်မှာ နှစ်တန်ပဲ ထုတ်ထားတယ်။ အရသာက သရက်သီးခွဲစိတ်ပြီးစားရတဲ့အတိုင်း အရသာမပျက် ထုတ်ထားပါ တယ်။ တရုတ်ကုန်သည်ပြကြည့်တော့ တစ်လကို သုံးတန် ယူမယ်ပြောတဲ့ အတွက် ကိုယ့်ဘက်က ပေးဖို့အဆင် သင့်မဖြစ်သေးတဲ့အတွက် မပေးနိုင် သေးဘူး။ နောက်နှစ်ပေးနိုင်ဖို့တော့ ကြိုးစားသွားမယ်"လို့ ပြောပါတယ်။အေးခဲသရက်သီးများအား ဈေးကွက်ထုတ်ပြီး ရောင်းချခြင်းမရှိသေး သော်လည်း ဝယ်ယူလိုပါက သရက်သီး ခြောက်လုံးပါ တစ်အိတ်ကို (အစေ့ မပါ) ၃၀၀၀ ကျပ်နဲ့ သဇင်နွယ်ခြံ(တံတားဦးမြို့နယ်) မှာ ရောင်းချပေးမှာဖြစ် ကြောင်း၊ အအေးဆိုင်နဲ့ ရေခဲမုန့်ဆိုင်များအတွက် သရက်သီးဖျော်ရည်နဲ့ သရက်သီးရေခဲမုန့်များ အသုံးပြုဖို့ သင့်တော်ကြောင်း၊ မူလအတိုင်းစားသုံးလို့ လည်းရကြောင်း သိရပါတယ်။                    ဇူးဇူး-မန္တလေး