မန္တလေးဓာတ်မြေသြဇာဈေးကွက်မှာ ယခုရက်ပိုင်း အရောင်းအေး၊ ဈေး အေးလာတယ်လို့သိရပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းကာလများမှာ အရောင်းအေးလေ့ရှိပြီး၊ တရုတ်ထုတ် ဈေးနှုန်းများကတော့ အရောင်းအဝယ် အနေအထားထက် ကုမ္ပဏီဈေးအရ ဈေးအေးတာလို့သိရပါတယ်။ တရုတ်ထုတ် ယူရီး ယား (ရွှေတောင်)က တစ်အိတ်ကို ၁၈၅၀၀ ကျပ်၊ ပန်းဖူးတံဆိပ်တစ်အိတ် ၁၈၇၀၀ ကျပ်၊ တီစူပါ GTSP ၄၆ ရာခိုင်နှုန်းက ၁၉၈၀၀ ကျပ်၊ GSSP ၁၆ ရာခိုင်နှုန်းက ၈၈၀၀ ကျပ်၊ GSSP ၁၂ ရာခိုင်နှုန်းက ၈၀၀၀ ကျပ်နဲ့ တရုတ်ထုတ် ယူရီးယား၊ တီစူပါအမျိုးအစားများတစ်အိတ် ၁၀၀ ကျပ်၊ ၂၀၀ ကျပ် ဈေး လျော့လာပြီး ကွန်ပေါင်းဓာတ်မြေသြဇာကတော့ ဈေးငြိမ်နေတယ်လို့သိရပါ တယ်။ သင်းသင်းအိ-မန္တလေး
Background