Main menu

Background

ဆေးဈေးနှုန်းမြင့်နေလို့ ပုံသေဈေးနှုန်းတစ်ရပ်ဖော်ဆောင်တဲ့အဖွဲ့ ပေါ်ပေါက်စေလို

Mon, 11/19/2012 - 07:25 -- Anonymous (not verified)

ဆေးဈေးနှုန်းများမှာ တန်ဖိုးအလိုက် ကြီးမြင့်လာကြောင်း သိရပါတယ်။ ဆေးတစ်ဘူးကို သိန်းဂဏန်းတန်ဖိုး ရှိဆေးမှာ တစ်သောင်းကျော်မြင့်တက်လာပြီး၊ သောင်းဂဏန်းရှိဆေးမှာ တစ်သောင်းနီးပါး၊ ထောင်ဂဏန်းတန်ဖိုးရှိ ဆေးမှာ ရာဂဏန်း ဈေးနှုန်းမြင့်တက်လာကြောင်း၊ အများဆုံးအသုံးပြုရတဲ့ နှလုံးဆေး၊ ကင်ဆာဆေးနဲ့ အသည်းဆေး များမှာ သောင်းဂဏန်းနီးပါး ဈေးမြင့်လာကြောင်း သိရပါတယ်။

မန္တလေးမြို့ပေါ်ရှိ နှစ်ပေါင်း ၆၀ ကျော် ဆေးရောင်းချလျက်ရှိတဲ့ ဆေးဆိုင်ပိုင်ရှင်က "ဆေးဈေးနှုန်းက တော်တော်ေ လး မြင့်တက်လာတော့ ဝယ်သုံးရတဲ့ သူတွေအပေါ်မှာ ဝန်ပိပါတယ်။ ဆေးဈေးနှုန်းမြင့်တက်ရခြင်းက အခွန်ပေါ်က မြင့်တက်တယ် လို့ ထင်ပါတယ်။ ဆေးကုမ္ပဏီတွေက ဆေးလာပို့ရင် Voucher   မှာ အခွန်နှုန်းပါ ထည့်ဖြတ်လာတယ်။ သူတို့ပြောတော့ အခွန်အခက သူတို့မယူဘူး သိအောင်ရေးပြတယ်ဆိုပေမယ့် ဆေးဈေးနှုန်း ကမြင့်တက်လာတယ်။ ဟိုအရင်က ဆေးဈေးမတက် အောင် ထိန်းပေးတဲ့အဖွဲ့ဆိုတာရှိတယ်။ အခုလည်း အဲဒီလိုအဖွဲ့တော့ ပေါ်သင့်ပြီ။ ခုကျတော့ ဝယ်ယူတဲ့သူကို အခွန်ဆောင် ခိုင်းတဲ့သဘောဖြစ်နေပြီ။ ဈေးကြီးတဲ့ ကင်ဆာဆေးဆို ပိုပြီးတင်တယ်။ လူနာအတွက် လွယ်လွယ်ကူကူနဲ့ သင့်တင့်တဲ့ဈေးနဲ့ စားနိုင်ဖို့ ဖြစ်သင့် ပါပြီ။ ဆေးကုမ္ပဏီတွေဘက်က ပစ္စည်းရောင်းရတဲ့အပေါ်ကနေ ကြိုက်တဲ့ဈေး တင်ရောင်းမရအောင် ဈေး နှုန်း သတ်မှတ်ပေးတဲ့အဖွဲ့ ပေါ်ပေါက်စေလိုပါတယ်"လို့ ပြောပါတယ်။မန္တလေးမြို့ကို ဥရောပနဲ့ အိန္ဒိယနိုင်ငံလုပ်ဆေးများ အများဆုံးဖြန့်ချိလျက်ရှိပြီး၊ ဆေးတစ်ကတ်ကို ကျပ် ၄၀၀၀၀ ကျော်တန်ကို ကျပ် ၅၀၀၀၀ နီးနီးရှိလာကြောင်း၊ ကျပ် ၅၀၀၀ တန်ကို ၃၀၀ ကျပ်ဝန်းကျင်မြင့်တက် လာကြောင်း၊ တချို့ဆေး များမှာ ကျပ် ၅၀၀ ထိမြင့်တက်မှုရှိ လာကြောင်း၊ ဆေးဈေးနှုန်းမြင့် တက်ခြင်းကြောင့် နှလုံးဆေး ၁၄ လုံးပါ တစ်ကတ်ကို ဥရောပထုတ် ၃၅၀၀၀ တန်အစား၊  India  နိုင်ငံထုတ် ၁၂၀၀၀ တန်ဆေးအား အစားထိုးသုံးစွဲရကြောင်း၊ ဆေးအာနိသင် ကွာသော်လည်း ဈေးနည်းတဲ့ဆေးကိုသာ သုံးစွဲရကြောင်း သိရပါတယ်။                               ဇူးဇူး-မန္တလေး