Main menu

Background

အဝင်သွက်ပြီး ဈေးအနည်းငယ်ကျတဲ့ ပြည်အာလူးဈေးကွက်

Mon, 11/19/2012 - 07:28 -- Anonymous (not verified)

ပြည်အာလူးဈေးကွက်သို့ ယခုတစ်ပတ်မှာ အောင်ပန်းဘက်မှ အာလူးများတစ်နေ့ အိတ် ၆၀၀ ခန့် အဝင် ရှိပြီး၊ ပြည်ဈေးကွက်အနေနဲ့ တစ်ပတ်ချင်း ရောင်းအားရှိသလောက်မှာယူတဲ့အတွက်၊ ဒေသတွင်း လက်လီ လက်ကား ရောင်း ဝယ်သူများနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့သို့ စီးဆင်းမှုအပါအဝင် အိတ် ၅၂၀ ခန့် အရောင်းအဝယ်ဖြစ် ခဲ့ပါတယ်။ မျိုးအာလူးကို တိုင်းအတွင်းရှိ ရွှေတောင်မြို့နယ်၊ ကျီးသဲရွာဘက်မှ အာလူးစိုက်တောင်သူများက အဝယ်ရှိပြီး၊ ရာသီဥတု ကွာတဲ့အတွက် အာလူးကို မျိုးထားလို့မရ တာကြောင့် အောင်ပန်းမှလာတဲ့မျိုးကို ဝယ်ယူစိုက်ပျိုးရခြင်းဖြစ် ကြောင်းသိရပါတယ်။ အာလူးဈေးနှုန်းမှာ ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ်ကျသွားပြီး တစ်ပိဿာကို (ကြီး) ၈၀၀ ကျပ်၊ (လတ်) ၇၅၀ ကျပ်၊ (သေး) ၇၀၀ ကျပ်နဲ့ မျိုးအာလူး တစ်ပိဿာ ၆၀၀ ကျပ် တို့နဲ့ အသီးသီးရောင်းဝယ်လျက် ရှိနေပါတယ်။                                              ဝင်းဝင်းခိုင်-ပြည်