Main menu

Background

ကြို့ပင်ကောက်မြို့နယ်မှာ ရိတ်သိမ်းခြွေလှေ့စက်များနဲ့ စပါးများ ရိတ်သိမ်းနေကြပြီ

Mon, 11/19/2012 - 07:32 -- Anonymous (not verified)

ပဲခူးတိုင်းဒေသကြီး(အနောက်)ကြို့ပင်ကောက် မြို့နယ်မှာ ယခု နိုဝင်ဘာလထဲအတွင်း ဆန်စက် ပိုင်ရှင် လေးဦးတို့က ကိုရီးယားနိုင်ငံလုပ် ဒေး ဒေါင်း (DSC -48) စပါးရိတ်သိ မ်းခြွေလှေ့စက် လေးစီး ကို ကျောက်ဆည်စက်မှုဇုန်မှ အရစ်ကျ စနစ်နဲ့ဝယ်ယူပြီး၊ တောင်သူများရဲ့ လယ်မြေများမှာ ပဲစိုက်အမီ မိုးစပါးများအား စတင်ရိတ်သိမ်း ခြွေ လှေ့နေကြပြီဖြစ်ပါတယ်။ ယခုနှစ် ရာသီဥတု အခြေအနေအရ ကုန်းလယ်ကွက်များမှာ အစို ဓာတ်နည်းနေတာကြောင့် ဆောင်းသီးနှံ မတ်ပဲ စိုက်ပျိုးဖို့အတွက် မိုးစပါးများကို မြန်မြန်ရိတ် သိမ်းဖို့လိုအပ်ပြီး   ကောက်ရိတ်လုပ်သားများ အခက်အခဲနဲ့  ကြုံတွေ့နေရချိန်မှာ ယခုလိုစပါး ရိတ်သိမ်းခြွေလှေ့စက်များအား ရက်ချိန်းနဲ့ ငှား ရမ်းနေကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်မှလည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကို အလေးထား ဆောင်ရွက်နေသလို လက်မှုလယ်ယာမှ စက်မှုလယ်ယာကို အသွင်ကူး ပြောင်းနေချိန်လည်းဖြစ်တဲ့အားလျော်စွာ တောင် သူများမှလည်း မျိုးကောင်းမျိုးသန့်အထွက်တိုးမျိုး များကို စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ သို့ရာတွင် တစ်မိုးတွင်းလုံးအားစိုက်ပြီး၊ စပါးအထွက်ကောင်း အောင် ပြုစုစောင့်ရှောက်ခဲ့ရသမျှ ပါးစပ်ဝရောက် ခါနီးမှ ပုတ်ချခံရတဲ့ ထမင်းလုပ်ပမာ အဟောသိကံ မဖြစ်စေဖု့ိ၊ ရိတ်သိမ်းချိန်မှာ စပါးအရည်အသွေး ကောင်းမွန်စေရေး၊ အလေအလွင့်ဆုံးရှုံးမှုနည်းပါး စေရေးတို့အတွက် ရိတ်သိမ်းပြီးစပါးများ ချက်ချင်း ခြွေလှေ့ခြင်းရဲ့ အားသာချက်များကို မြန်မာ့လယ် ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ ဝန်ထမ်းများ မှ တောင်သူများအား ကျေးရွာများနဲ့ လယ်ကွင်းထဲ အရောက် ကွင်းဆင်းပညာပေး ဟောပြောလျက် ရှိပါတယ်။ထို့အပြင် ဒေးဒေါင်း (SDC -48)  စပါးရိတ် သိမ်းခြွေလှေ့စက်မှာ ၄ တန်းခေါင်းထိုးရိတ်သိမ်း တဲ့စနစ်ဖြစ်ပြီး၊ ရိတ်သိမ်းရာမှာ အလေအလွင့်မရှိ သလောက် နည်းပါးခြင်း၊ နွားစာကောက်ရိုးလိုချင် ရင်လည်း ရနိုင်သလို ရိတ်သိမ်းပြီး ကောက်ရိုးများ ကို မြေသြဇာအဖြစ်  အသုံးပြုချင်ရင်လည်း (Cutter)  ကောက်ရိုးဖြတ်စက် နဲ့ ဖြတ်တောက်ပြီး၊ ဖြန့်ချပေးတဲ့အတွက် တောင်သူများ အဆင်ပြေ အကြိုက်တွေ့ နှစ်သက်နေကြပြီဖြစ်ပါတယ်။ စိတ် ဝင်စားသူ တောင်သူများမှာလည်း လာမယ့်နှစ်မှာ အစုစပ်ဝယ်ယူကြဖို့  စီစဉ်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် ကြို့ပင်ကောက်မြို့နယ်ရဲ့ ကျေးရွာ အုပ်စုတစ်ခုမှာ အနည်းဆုံး တစ်စီး ရှိလာမယ် ဆိုပါက မိုးစပါးနဲ့နွေစပါးများ ရိတ်သိမ်းချိန်မှာ အချိန်တိုအတွင်း ပြီးစီးနိုင်မှာ ဖြစ်ပြီး ဒုတိယသီး နှံဖြစ်တဲ့ မတ်ပဲစိုက်ပျိုးရာမှာလည်း အစိုဓာတ်နဲ့ အချိန်အခါမီ ပြီးစီးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် တလင်းပျောက်စနစ်ကို  တိုးမြှင့်ဆောင်ရွက်ရင်း အရည်အသွေးကောင်း စပါးများရရှိလာပြီး၊ လေ လွင့်ဆုံးရှုံးမှုနည်းပါးကာ တောင်သူများဘ၀ တိုး တက်လာမယ့်နည်းတူ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်လာမှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်။    ကျော်ဝင်း-ကြို့ပင်ကောက်