ဆောင်းသီးနှံအတွက် အလျင်အမြန် ပြင်ဆင်
ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးမြို့ နယ်တွင်းရှိ ဘုရားကြီးစံပြကျေးရွာ အုပ်စု၊ မယင်းကျေးရွာအုပ် စုနဲ့ ရွှေတန် ကျေးရွာအုပ်စုတို့ရှိ တောင်သူများမှ ဒီနှစ်မိုးနှောင်းမှာ မိုးရွာသွန်းမှုနည်း ပါးတဲ့အတွက် မြေအစို နည်းလာတာ ကြောင့် ဆောင်းသီးနှံအချိန်မီ ထွန် ယက်စိုက်ပျိုးနိုင်ဖို့အတွက် မိုးစပါးများ ကို အလျင်အမြန်ရိတ်သိမ်းပြီး၊ ရိတ် သိမ်းပြီးကောက်လှိုင်းများကို ခြွေလှေ့ စက် အသုံးပြုပြီး ခြွေလှေ့လျက်ရှိရာ တစ်ဧက ပျမ်းမျှစပါး တင်း၇၀ နှုန်းခန့် ထွက်ရှိပါတယ်။ ကျေးရွာများက အပြိုင် ရိတ်သိမ်းနေတဲ့အတွက် မိုးစပါးရိတ် လုပ်သားခက်ခဲမှုများ ရှိနေကြောင်း သိရပါတယ်။
ပဲခူးမြို့နယ်အနေနဲ့ ဆောင်းသီးနှံ အဖြစ် ပဲတီစိမ်းကို အဓိကထား စိုက် ပျိုးကြပြီး မြေပဲနဲ့ မတ်ပဲကိုလည်း စိုက် ပျိုးဖို့ ပြင်ဆင်လျက်ရှိပါတယ်။ မျိုးပဲတီ စိမ်းတစ်တင်း ၂၈၅၀၀ ကျပ်မှ ၂၉၅၀၀ ကျပ်၊ မျိုးမြေပဲတစ်တင်း ၁၀၀၀၀ ကျပ် ဝန်းကျင်နဲ့ မျိုးမတ်ပဲတစ်တင်း ၂၂၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်ထိရှိပြီး ပဲတီစိမ်း မျိုးများ အရောင်းသွက်နေကြောင်း သိ ရပါတယ်။ YMA - ပဲခူး
