Main menu

Background

ဂရိနိုင်ငံကိုကယ်တင်ဖို့ မိတ်ဖက်နိုင်ငံ အားလုံးတူညီတဲ့ရည်ရွယ်ချက်ရှိ

Mon, 11/19/2012 - 07:49 -- Anonymous (not verified)

 
ဂရိနိုင်ငံရဲ့ စီးပွားရေးကိုကယ်တင် နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံအားလုံး ရဲ့တူညီတဲ့ရည်မှန်းချက်တွေရှိကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့ (အိုင်အမ်အက်ဖ်) ကိုအာမခံချက် ပေးထားပါတယ်။

ယခုရက်သတ္တပတ်စောစောပိုင်း ကကြွေးမြီထူနေတဲ့နိုင်ငံတွေမှာ ဘတ် ဂျက်လိုငွေနဲ့ပတ်သက်ပြီး ယူရိုဇုန်က ဘဏ္ဍာရေးဝန်ကြီးတွေနဲ့အိုင်အမ်အက်ဖ် ညွှန်ကြားရေးမှူးချုပ် ခရစ္စတင်းလား ဂတ်တို့ ပဋိပက္ခဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မိတ်ဖက်နိုင်ငံအားလုံးက တူညီတဲ့ရည် မှန်းချက်ရှိပြီး ဂရိနိုင်ငံပုံမှန်လမ်းကြောင်း ပေါ်ပြန်ရောက်ဖို့နဲ့ စီးပွားရေးတည် ငြိမ်မှုအမြန်ဆုံးပြန်ရဖို့အတွက် စိုးရိမ် ပူပန်မှု ရှိကြောင်း သူမက ပြောပါတယ်။ "အိုင်အမ်အက်ဖ်ရဲ့အမြင်နဲ့ပြော ရရင်အလျင်အမြန်ဖြေရှင်းဖို့ထက် အမှန်အကန်ဖြေရှင်းနိုင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ပြီးတော့ကြွေးမြီအဆင့် ကရေရှည်တည်တံ့နိုင်မဲ့ အဆင့်ကို ရောက်ဖို့လိုပါတယ်" လို့အရှေ့တောင် အာရှသုံးနိုင်ငံခရီးစဉ်အစမှာ သတင်း စာသမားတွေကို သူကပြောပါတယ်။ လာဂတ်နဲ့ယူရိုအုပ်စုဥက္ကဋ္ဌ ယွန်း လောဂျန်ကာတို့က ဂရိကယ်တင်ရေး အစီအစဉ်နဲ့ပတ်သက်ပြီးသဘောထား ကွဲလွဲပြီးလူသိရှင်ကြားပဋိပက္ခဖြစ်ခဲ့ ကြောင်း AFP  ကနိုဝင်ဘာ ၁၄ ရက် ကဖေါ်ပြပါတယ်။ ဂရိနိုင်ငံက ကြွေးမြီနဲ့စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုအချိုးကိုလက်ရှိ ၁၇၀ ရာခိုင်နှုန်းရှိနေရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ၁၂၀ ရာခိုင်နှုန်းအထိလျှော့ ချသင့်ကြောင်း လားဂတ်က ပြောပါ တယ်။ ဒါပေမဲ့ ခြိုးခြံချွေတာရေးဆန့် ကျင်ဆန္ဒပြမှုတွေကြောင့် ယူရိုဇုန် ဘဏ္ဍာရေးဝန်ကြီးတွေက နောက်ဆုံး အချိန်သတ်မှတ်ချက် ကို ၂၀၂၂ ခုနှစ် ထိတိုးပေးဖို့ စဉ်းစားလျက်ရှိပါတယ်။