တိုကျို လာမယ့်လမှာ ရွေးကောက်ပွဲ တွေကျင်းပနိုင်အောင်ပြင်ဆင်တဲ့အနေ နဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဂျပန်ဝန် ကြီးချုပ် ယိုရှိဟီကိုနိုဒါက ဂျပန် အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါ တယ်။ ပြည်သူလူထုရဲ့ အဆုံးအဖြတ် ကို နာခံပါမယ်လို့ ဝန်ကြီးအဖွဲ့ အစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ်ရုံး ကိုရောက်လာချိန်မှာ နိုဒါက သတင်း ထောက်တွေ ကို ပြောကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
စင်ကာပူ စင်ကာပူရှိ ကုမ္ပဏီတွေက ၂၀၁၃ ခုနှစ်မှာ လစာငွေကို ပျမ်းမျှ ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးပေးဖို့စီစဉ် ထားရာ ယခု နှစ်တိုးပေးတဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းထက် ပိုမိုကြောင်း Tower Watson က ပြုလုပ်တဲ့ နှစ်ဝက်တစ်ကြိမ် ထုတ်ေ၀ တဲ့ 2012 Third Quarter Asia Pacific Salary Budget Survey စစ်တမ်းမှာ ဖော်ပြ ထားကြောင်း စင်ကာပူ သတင်းဌာနတစ်ခုက ပြောပါတယ်။
ဟိုချီမင်းစီတီ ဗီယက်နမ်ကုန်သည်တွေရဲ့ စီးပွားရေးအပေါ် ယုံကြည်မှုက ယခုနှစ်ဒုတိယနှစ်ဝက်မှာ အနည်း ငယ် ကျဆင်းခဲ့ ကြောင်း HSBC ရဲ့ ကုန်သွယ်ရေးယုံ ကြည်မှု အညွှန်း ကိန်းကယခင် ၁၁၅ ရှိရာမှယခုအခါ ၁၁၀ သို့ ကျသွားကြောင်း တစ်နှစ် နှစ်ကြိမ်ထုတ် စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။ အညွှန်းကိန်း ရမှတ် ၁၀၀ နဲ့အထက်ဆိုရင် အပေါင်း လက္ခဏာအခြေအနေရှိပြီး ရမှတ် ၁၀၀ အောက်ဆိုရင် အနုတ်လက္ခ ဏာပြကြောင်း ဗီယက်နမ် သတင်း ဌာနတစ်ခုက ဖော်ပြပါတယ်။
စင်ကာပူ ၂၀၁၃ ခုနှစ်မှာ အာရှအများစု ရဲ့ စီးပွားရေးတွေတိုးတက်လာမယ်။ ဒေသတွင်း တိုးတက်နှုန်း ၆ ရာခိုင် နှုန်းအထိရောက်ရှိမယ်ဆိုရင် အလား အလာဆက်ကောင်းနေမယ်လို့အာရှ ဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က ပြောပါ တယ်။ ယခုအချိန်မှာ တရုတ်နိုင်ငံက သူ့ရဲ့ စီးပွားရေးပြန်လည်ချိန်သား ကိုက်ဖို့ ဆောင်ရွက်နေရကြောင်း အေဒီဘီ ဘဏ်ဥက္ကဌ ဟာရုဟီကို ကူရိုဒါက ဟောင်ကောင်ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ပြောကြားကြောင်း စင်ကာပူ သတင်း တစ်ရပ်မှာ ဖော်ပြပါတယ်။