Main menu

Background

အချိန်ပိုဥပဒေ ဖောက်ဖျက်မှုဖြင့် စင်ကာပူလုပ်ငန်း ၂၆၀ ကို အရေးယူ

Mon, 11/19/2012 - 07:53 -- Anonymous (not verified)

၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အချိန်ပိုနဲ့ ပတ်သက်တဲ့ဥပဒေတွေ ကိုဖောက်ဖျက်တဲ့အတွက် အလုပ်ရှင် ၂၆၀ ကိုပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ ဒီကုမ္ပဏီတွေက အချိန်ပိုလုပ်ရမဲ့ အကန့်အသတ်ကိုကျော်လွန်ခဲ့ကြောင်း ယာယီအလုပ်သမားဝန်ကြီး တန်ချွမ်ဂျင်က နိုဝင်ဘာ ၁၂ ရက်ကပါလီမန် ကိုတင်ပြခဲ့ပါတယ်။ လူအင်အားဝန်ကြီးဌာန က အလုပ်ရှင် ၅၆ ဦးကို ဒဏ်ငွေ များများချမှတ်ပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ကျူးလွန်တဲ့ ၂၁ ဦးကို ရုံးတင်တရားစွဲ ထားပါတယ်။

သာမန်ပြစ်မှုအသေးတွေ ကျုးလွန်ထားတာ တွေ့ရှိသူတွေကိုတော့ သတိပေးစာများထုတ်ပြန်ခြင်း သို့မဟုတ်အကြံပြုချက်တွေပေးပို့ခြင်း စတာ တွေကိုပြုလုပ်ခဲ့ပါတယ်။ အလုပ်အကိုင်နေရာချထားရေးအက်ဥပဒေ အရ အလုပ်သမားတွေကို အချိန်ပိုအပါအဝင်တစ်ရက်မှာ ၁၂ နာရီထက်ကျော် လွန်ပြီး အလုပ်ခိုင်းတာကို ခွင့်မပြုပါဘူး။ တစ်လမှာ အချိန်ပို ၇၂ နာရီသာခိုင်း ဖို့ခွင့်ပြုထားပါတယ်။ အချိန်ပိုအလုပ် ချိန်လုပ်ဖို့ အလုပ်သမားတွေနဲ့ အလုပ် သမားသမဂ္ဂတွေရဲ့ ညှိနှိုင်းချက်အရ ၂၀၀၈ ခုနှစ်က ၂၀၁၁ ခုနှစ်အတွင်း တစ်နှစ်မှာကုမ္ပဏီ ၂၇၀ ကိုအချိန်ပို အလုပ်ချိန်ထက် ကျော်လွန်ခွင့်ပြုခဲ့ပါ တယ်။ ပျမ်းမျှအားဖြင့် အချိန်ပိုလုပ်ချိန် ကန့်သတ်ချက်ကိုကင်းလွတ်ခွင့်ရဖို့ လျှောက်ထားတဲ့ကုမ္ပဏီနှစ်စဉ် ၃၁၀ ရှိ ပါတယ်။ အချိန်ပိုလုပ်ရတဲ့အတွက် လုပ်သားတွေရဲ့လုပ်ခလစာမြင့်တက်လာတယ်ဆိုပေမဲ့ အထူးသဖြင့်လုံခြုံရေး လုပ်ငန်းမျိုးလိုအလုပ်တွေမှာ အချိန်အ ကြာကြီးလုပ်ရတာက မလိုလားအပ်တဲ့ ကိစ္စဖြစ်ပြီးရေရှည်မှာလည်း ထိခိုက်မှုရှိနိုင်တယ်လို့ မစ္စတာတန်က ပြော ကြောင်း မလေးရှား သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။